• Follow Us on

Home မျက်နှာဖုံးစွတ်ထားသည့် ဒေသခံအကြမ်းဖက်များမှ အမှိုက်လှဲနေသည့် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်

မျက်နှာဖုံးစွတ်ထားသည့် ဒေသခံအကြမ်းဖက်များမှ အမှိုက်လှဲနေသည့် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ (ဃ)ရပ်ကွက်တွင် နေထိုင်သည့် ဦးအောင်ဆန်း ဦးမှာ နေအိမ်အတွင်းအမှိုက်လှဲနေစဉ်အတွင်း မျက်နှာဖုံးစွတ်ထားသည့် ဒေသခံအကြမ်းဖက်များမှ လာရောက် ပစ်ခတ်ရာသေဆုံးသွားကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဦးအောင်ဆန်းဦး(ခ)အောင်အောင်ဆိုသူကို ဒေသခံအကြမ်းဖက်များမှ လာရောက်ပစ်ခတ်ရာမှ နေအိမ်ရှိ မီးပုံဘေးတွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံး သွားကြောင်း သိရပါတယ်။

 

ပစ်ခ်ခံရသည့် ဦးအောင်ဆန်းဦး(ခ)အောင်အောင်မှာ ဦးခေါင်းနှင့် ညာဘက်မေးရိုးအောက်တို့တွင် ကျည်ထိ မှန်ပြီး သေဆုံးသွားကြောင်း၊ ၎င်း၏ရုပ်အလောင်းကို ထားဝယ်ပြည်သူ့ဆေးရုံရှိရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

 

မကြာသေးမီရက်ပိုင်းကလည်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံး ကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်းရွာရှိ အုပ်ချုပ်ရေးမှူးမတွေ့သောကြောင့် ၁ နှစ်အရွယ်မြေး အပါအဝင် မိသားစု ဝင် (၇) ဦးကို ဒေသခံအကြမ်းဖက်များမှ လာရောက်သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post