• Follow Us on

Home မ်ိဳးဆက္ပြားက်န္းမာေရး သင္ခန္းစာျပန္လည္ျပင္ဆင္မည္ဟု အေျခခံပ ညာဦးစီးဌာနေျပာဆုိ

မ်ိဳးဆက္ပြားက်န္းမာေရး သင္ခန္းစာျပန္လည္ျပင္ဆင္မည္ဟု အေျခခံပ ညာဦးစီးဌာနေျပာဆုိ

Share this post

ေနျပည္ေတာ္၊ ေမ၂၂

ဒသမတန္းသင္႐ုိးတြင္ပါဝင္သည္ “မ်ိဳးဆက္ပြား က်န္းမာေရး သင္ခန္းစာ”ကို ျပည္သူ႔အသံနားေထာင္ၿပီး ျပန္လည္ျပင္ဆင္သြားမည္ဟု ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာန တာဝန္ရွိသူမ်ားက ေျပာဆို လိုက္သည္။

ယေန႔ ေန႔လည္က ေနျပည္ေတာ္၌ ျပဳလုပ္သည့္ “ဘဝတြက္တာ ကြၽမ္းက်င္စရာ” ဘာသာရပ္ႏွင့္ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲတြင္ တာဝန္ရွိသူမ်ားက ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ရဲ႕ ဓေလ့ထုံးစံေတြ၊ ယဥ္ေက်းမႈေတြ၊ ဒါေတြနဲ႔ ဘယ္ေလာက္မ်ား ကြာဟေနလဲ၊ ကြာဟေနတာ ေတြကိုလည္း ကြၽန္ေတာ္တို႔ ျပန္ၿပီးေတာ့မွ ကြာဟတာေတြကို အနည္းဆုံးျဖစ္ေအာင္ ႀကိဳးစားဖို႔ရွိတယ္၊ ဒီ Course တစ္ခုလုံးကို ျပန္ျပင္ဖို႔ မျဖစ္ႏုိင္ပါဘူး”ဟု အေျခခံပညာဦးစီးဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္း ကဆိုသည္။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ဆယ္ေက်ာ္သက္အ႐ြယ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား မ်ိဳးဆက္ပြား က်န္း မာေရးႏွင့္ပတ္သက္ၿပီး ေဆာင္ရန္၊ ေရွာင္ရန္အခ်က္မ်ား သိရွိေစရန္၊ ကိုယ္ပိုင္ေတြးေခၚႏုိင္စြမ္းျဖင့္ မိမိကိုယ္ ကိုယ္မိမိ ကာကြယ္ေစာင့္ေရွာက္နိုင္ေစရန္ ရည္႐ြယ္ၿပီး ထည့္သြင္းသင္ၾကားေပးရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္ဟု လည္းဆိုသည္။

သို႔ေသာ္ ျပည္သူေတြအၾကားတြင္ သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚေနၿပီး ျမန္မာ့ယဥ္ေက်းမႈႏွင့္ ကိုက္ညီမႈမရွိ ဘဲ၊ အတုယူလြဲမွားမႈမ်ား ျဖစ္ေပၚေစနိုင္သည္ဟု ေဝဖန္သူမ်ားလည္း ရွိေနသည္။ ျပန္လည္ျပင္ဆင္ရန္ ေဆာင္ ႐ြက္ေနသည့္ “ဘဝတြက္တာ ကြၽမ္းက်င္စရာ” ဘာသာရပ္ပါ “ေရာဂါကင္းေဝး က်န္းမာေရးသင္ခန္းစာ၊ မ်ိဳး ဆက္ပြားက်န္းမာေရးႏွင့္ ဆယ္ေက်ာ္သက္အ႐ြယ္မ်ား ေပါင္းသင္းဆက္ဆံေရး” သင္ခန္းစာမ်ားအား သင္ၾကား ျခင္းမျပဳေသးရန္ ၫႊန္ၾကားထားၿပီး၊ ေက်ာင္းဖြင့္ရာသီအမွီ ျပင္ဆင္မႈမ်ား ေဆာင္႐ြက္သြားမည္ဟု အေျခခံပညာ ေရးဦးစီးဌာနကဆိုပါတယ္။ ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ရာတြင္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ကိုက္ညီမႈရွိသည့္ အသုံး အႏႈန္းမ်ားမျဖစ္ေစရန္အတြက္ အမ်ိဳးသားသင္႐ုိးၫႊန္းတမ္းေကာ္မတီ၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္ လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔ ပူးေပါင္းၿပီး အေသးစိတ္ေဆြး ေႏြးညွိုႏွိုင္း ျပင္ဆင္သြားမည္ဟုလည္း ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ေအာင္ဆန္းဦး

#PeopleMedia #ပညာေရး

(Unicode)
မျိုးဆက်ပွားကျန်းမာရေး သင်ခန်းစာပြန်လည်ပြင်ဆင်မည်ဟု အခြေခံပ ညာဦးစီးဌာနပြောဆို
………………………………………………

နေပြည်တော်၊ မေ၂၂

ဒသမတန်းသင်ရိုးတွင်ပါဝင်သည် “မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာ”ကို ပြည်သူ့အသံနားထောင်ပြီး ပြန်လည်ပြင်ဆင်သွားမည်ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက ပြောဆို လိုက်သည်။

ယနေ့ နေ့လည်က နေပြည်တော်၌ ပြုလုပ်သည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုတွေ၊ ဒါတွေနဲ့ ဘယ်လောက်များ ကွာဟနေလဲ၊ ကွာဟနေတာ တွေကိုလည်း ကျွန်တော်တို့ ပြန်ပြီးတော့မှ ကွာဟတာတွေကို အနည်းဆုံးဖြစ်အောင် ကြိုးစားဖို့ရှိတယ်၊ ဒီ Course တစ်ခုလုံးကို ပြန်ပြင်ဖို့ မဖြစ်နိုင်ပါဘူး”ဟု အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူများအား မျိုးဆက်ပွား ကျန်း မာရေးနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များ သိရှိစေရန်၊ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းဖြင့် မိမိကိုယ် ကိုယ်မိမိ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်ပြီး ထည့်သွင်းသင်ကြားပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု လည်းဆိုသည်။

သို့သော် ပြည်သူတွေအကြားတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိ ဘဲ၊ အတုယူလွဲမှားမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ဝေဖန်သူများလည်း ရှိနေသည်။ ပြန်လည်ပြင်ဆင်ရန် ဆောင် ရွက်နေသည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်ပါ “ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာ၊ မျိုး ဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး” သင်ခန်းစာများအား သင်ကြား ခြင်းမပြုသေးရန် ညွှန်ကြားထားပြီး၊ ကျောင်းဖွင့်ရာသီအမှီ ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဟု အခြေခံပညာ ရေးဦးစီးဌာနကဆိုပါတယ်။ ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိသည့် အသုံး အနှုန်းများမဖြစ်စေရန်အတွက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အသေးစိတ်ဆွေး နွေးညှိုနှိုင်း ပြင်ဆင်သွားမည်ဟုလည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောင်ဆန်းဦး

#PeopleMedia #ပညာရေး


Share this post