• Follow Us on

Home မွန်တိုင်းရင်းသားများ၏ အထင်ကရ ဆရာတော်တစ်ပါးဖြစ်သည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တပါလိတ ပျံလွန်တော်မူ

မွန်တိုင်းရင်းသားများ၏ အထင်ကရ ဆရာတော်တစ်ပါးဖြစ်သည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တပါလိတ ပျံလွန်တော်မူ

Share this post

မော်လမြိုင်၊ နိုဝင်ဘာ ၂၃ (People Media)

 

မွန်တိုင်းရင်းသားများ၏အထင်ကရ ဆရာတော်တစ်ပါးဖြစ်သလို သက်တော်ရှည် ဆရာတော်တစ်ပါး ဖြစ်သည့် မွန်ပြည်နယ်၊ ကမာဝက်မြို့ရှိ ဓါတ်တော်ကျောင်း၊ ဆရာတော် ဘဒ္ဒန္တပါလိတသည် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် (၆) နာရီကျော်အချိန်တွင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း ဆရာတော်ကြီးနှင့် နီး စပ်သူများထံမှ သိရသည်။

 

“ကျောက်ကပ်နဲ့ နှလုံးကလည်း မကောင်းတော့ ဆရာတော်ကြီးက လူူကြီးရောဂါနဲ့ မနေ့က နံနက် ၆ နာရီခွဲမှာ ပျံလွန်တော်မူသွားတာပါ” ဆရာတော်ကြီးနှင့် နီးစပ်သူ နိုင်ဗညားချန်းက ပြောသည်။

 

ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၉၇) နှစ် သိက္ခာတော် (၇၆) ဝါရှိပြီဖြစ်ပြီး၊ ဆရာတော်ကြီး၏ ဈာပနကို လာမည့် ဇန်နဝါရီလ (၁) ရက် (နတ္တော်လကွယ်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

ဆရာတော်ကြီးသည် နိုင်ငံတော် သြဝါဒါစရိယ တာဝန်အဖြင့်လည်းကောင်း၊  (၁၃၆၃)ခုနှစ်တွင်မွန်စာပေသာသ နာအာဇာနည်ထူးချွန်ဆုဖြင့် လည်းကောင်း၊ (၁၃၆၆)ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သည့် အဂ္ဂမဟာဂန္တဝါစက ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ဆက်ကပ်အပ်နှင်းခြင်းခံရပြီး၊ (၁၃၇၃)ခုနှစ်တွင်မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ် ကျေးမှု ဗဟိုအဆင့် မြို့နယ်အဆင့်တို့တွင် နာယကဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရ သည်။

 

ဆရာတော်သည် မွန်အမျိုးသားများတို့၏ရပိုင်ခွင့် အခွင့်အရေးများကို မွန်နိုင်ငံရေးခေါင်းဆောင်များ၊ မွန်နိုင်ငံ ရေးအဖွဲ့အစည်းများနည်းတူ ခေတ်အဆက်အဆက် ပါဝင်လာခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သည်။

 

ထို့အတူ မွန်တို့၏သမိုင်း စာပေယဉ်ကျေးမှု မပျောက်ပျက်စေရန် သက္ကရာဇ်(၁၃၂၂)ခုနှစ်မှစ၍ မွန်သမိုင်း စာအုပ်စာပေပေါင်း (၁၀၀) ကျော်ရေးသားထုတ်ဝေခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။

 

#PeopleMedia #မွန်တိုင်းရင်းသား #ဘာသာရေးသာသနာရေး

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 



Share this post