• Follow Us on

Home မွန်ပြည်နယ်ရှိ မြို့နယ်များ၌ တပ်မတော် ထောက်ခံပွဲ ပြုလုပ်လျက်ရှိနေ

မွန်ပြည်နယ်ရှိ မြို့နယ်များ၌ တပ်မတော် ထောက်ခံပွဲ ပြုလုပ်လျက်ရှိနေ

Share this post

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ (People Media)

 

ဇန်နဝါရီ ၃၁ ရက်နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်ရှိ မြို့နယ်များဖြစ်သော သံဖြူဇရပ်၊ ပေါင်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရောမြို့နယ်များတွင် တပ်မတော်ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ ထောက်ခံပွဲ၌ ပါဝင်သူများက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ပအားကိုးပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ ပြည်တွင်းပြည်ပအဖျက် သမားများအား ဘုံရန်သူအဖြစ် ချေမှုန်းကြ၊ CRPH, NUG, PDF ပြည်ဖက်အကြမ်းဖက်လူသတ်သမားများ အလိုမရှိ၊ ပြည်ဖျက်သည့် CRPH,NUG လူသတ်သည့် PDF ဆန့်ကျင်ကြ စသည့် ဗီနိုင်းများကို ကိုင်ဆောင်ခဲ့ကြ သည်။

 

အလားတူ လက်ရှိရက်ပိုင်းအတွင်း၌ တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း အမျိုးသားရေးလှုပ်ရှားသူများ၊ တပ်မတော်ချစ်မြတ်နိုးသူများထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ တပ်မတော်သည် နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် တပ်မတော်က နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည့် ၁ နှစ် ပြည့် မြောက်သောနေ့လည်း ဖြစ်သည်။

 

#PeopleMedia #တပ်မတော်ချစ်သူများ #တပ်မတော်ထောက်ခံပွဲ

 

(unicode)


…………………………………………………………..

 


 


 


 


 


 



Share this post