• Follow Us on

Home မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ စာသင်ကျောင်းနှစ်ကျောင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရရှိသူမရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ စာသင်ကျောင်းနှစ်ကျောင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရရှိသူမရှိ

Share this post

မွန်၊ နိုဝင်ဘာ ၂၃ (People Media)

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာနှင့် ကုလားချောင်ကျေးရွာရှိ စာသင်ကျောင်းနှစ်ကျောင်း၌ ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က People Media ကို ပြောပါတယ်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့ နံံနက် ၇ နာရီခွဲအချိန်ခန့်နှင့် နံနက် ၈ နာရီခွဲအချိန်များတွင် ပေါက်ကွဲမှုများဖြစ် ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ပထမတစ်ခုက ကျောင်းထိပ်က ရေကန်နားမှာဖြစ်တာပါ။ နောက်တစ်ခုကတော့ ကျောင်းအဝင်အထွက် ဂိတ်နားမှာဖြစ်တာ နှစ်ခုစလုံးမှာတော့ လူထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိပါဘူး” ဟု ဒေသခံ တစ်ဦးက ပြောပါတယ်။

 

န-စ-ကအစိုးရမှ အခြေခံပညာရေးကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် မသမာသူများသည် စာသင်ကျောင်း များအနီး၌ မိုင်းထောင်မိုင်းခွဲခြင်းများ ပြုလုပ်နေသလို အချို့သည့် ကျောင်းမတက်ရေးလှုပ်ရှားမှုများ ဆောင် ရွက်လျက်ရှိပါတယ်။

 

Photo – credit

 

#PeopleMedia #ပေါင် #စာသင်ကျောင်း #ပေါက်ကွဲမှု

 

(unicode)


…………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post