• Follow Us on

Home မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်၌ မှတ်ပုံတင်မရှိသူများ၊ အသက်မပြည်သူများနှင့် မှတ်ပုံတင်ထပ် နေသူများ (၃) သိန်းကျော် ပါဝင်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောဆို


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
 
 
 
 
 
 
 
(unicode)
မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်၌ မှတ်ပုံတင်မရှိသူများ၊ အသက်မပြည်သူများနှင့် မှတ်ပုံတင်ထပ် နေသူများ (၃) သိန်းကျော် ပါဝင်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောဆို
……………………………………………………….
 
ရန်ကုန်၊ ဒီဇင်ဘာ – ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်၌ မှတ်ပုံတင်မရှိသူများ၊ အသက် မပြည်သူများနှင့် မှတ်ပုံတင်ထပ်နေသူများ (၃)သိန်းကျော် ပါဝင်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောပါတယ်။
 
မွန်ပြည်နယ်ရှိ (၁၀)မြို့နယ်၌ မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း (၁၈၂၈၈၂၇)ဦးရှိရာ ထိုထဲတွင် မှတ်ပုံတင်မရှိဘဲ မဲပေးသူ (၃၀၄၀၈၁)ဦး၊ မှတ်ပုံတင်ထပ်နေသူ (၃၃၉၈၆)ဦးနှင့် အသက် ၁၈ နှစ်မပြည့်သူ (၂၄၇) ဦး စုစုပေါင်း (၃၃၈၃၁၄) ဦးထိ ပါဝင်နေတယ်လို့ ဦးအောင်ကြည်သိန်းက ပြောပါတယ်။
 
“ဒါက မဲစာရင်းမှာ တွေ့ရှိချက်ပေါ့၊ ဟိုဟာကြတော့ ကျွန်တော်တို့က သေချာသွားကြည့်ပြီး ပုံစံ ၁၆ တို့ ဘာတို့ တောက်လျှောက်စစ်မှရမှာ အဲ့ဒါကြောင့် ကျွန်တော်တို့ စစ်ချင်တယ် ပြောတာကို သူတို့က မပေးတာလေ၊ အဲ့လို သိရင်တောင် နည်းနည်းခွဲလို့ ရသေးတာပေါ့၊ အခုကတော့ မဲပေးခွင့်ရှိတဲ့သူပေါ် မူတည်ပြီးတော့မှ ဒါကိုခွဲထား တာ” ဟု မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောပါတယ်။
 
အထက်ပါ မဲစာရင်းများမှာ မွန်ပြည်နယ် (၁၀)မြို့နယ်အတွင်းရှိ မဲရုံတစ်ရုံချင်းအလိုက် စိစစ်တွေ့ရှိထားသည့် စာရင်းများကို ကွန်ပျူတာထဲတွင် ထည့်၍ PDF Format မှ Excel Format ပြောင်းလိုက်ရာမှာတော့ အထက်ပါ မဲစာရင်း ကွာဟချက်များကို တွေ့ရှိလာခြင်းဖြစ်ကြောင်း ဦးအောင်ကြည်သိန်းက ဆက်လက်ပြောဆိုပါတယ်။
 
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော် လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။
 
Photo – မွန်ပြည်နယ် USDP
 
#PeopleMedia #မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ #USDP #UEC #Political

Share this post