• Follow Us on

Home မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ တပ်ဌာနချုပ် ၃ ခုကို ဒေသအခြေစိုက် လက်နက်ကိုင်တချို့မှ လက်နက်ကြီး များဖြင့် လာရောက်ပစ်ခတ်

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ တပ်ဌာနချုပ် ၃ ခုကို ဒေသအခြေစိုက် လက်နက်ကိုင်တချို့မှ လက်နက်ကြီး များဖြင့် လာရောက်ပစ်ခတ်

Share this post

ရန်ကုန်၊ မတ် ၁၀ (People Media)

 

လက်ရှိ ဆန္ဒပြမှုများ မြင့်တက်နေချိန်တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ တပ်မတော်အခြေစိုက်စခန်းဌာန ချုပ်နေရာများကို ဒေသအခြေစိုက်လက်နက်ကိုင်တချို့မှ ၁၀၇ မမ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ ကြောင်း တပ်မတော်နှင့် နီးစပ်သည့်အသိုင်းအဝိုင်း၏ သတင်းအရင်းများက ဆိုသည်။

 

ဒေသအခြေစိုက်လက်နက်ကိုင်တချို့မှ ဘားအံ၊ ကျိုက်ထို၊ သထုံ ပတ်ဝန်းကျင်ရှိ တပ်ဌာနချုပ်များသို့ ၁၀၇ မမ လက်နက်ကြီးများဖြင့် အဝေးမှနေ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်းသိရသည်။

 

အဆိုပါပစ်ခတ်မှုများနှင့် ပတ်သက်၍ တပ်မတော်နယ်မြေခံတပ်ရင်းများမှ လုံခြုံရေးအရ စစ်ဆေးခြင်းများပြု လုပ်ခဲ့ရာတွင် နံနက် ၁၁ နာရီခန့်တွင် ကရင်ပြည်နယ် ရွှေလူရွာအနောက်ဘက် မီတာ ၂၀၀၀ ခန့်ဝန်းကျင်၌ အင်အား ၃၀ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါလက်နက်ကိုင်များသည် မြောက်ဘက် ဖာ ပွန်နယ်မြေသို့ ဦးတည်ဆုတ်ခွာသွားခဲ့ကြောင်း တပ်ဌာနချုပ်ပတ်ဝန်းကျင်အားရှင်းလင်းရာတွင် လက်လွတ် ထွက်ပြေးမှုကြောင့် ပစ်ခတ်ခဲ့သည့် ၁၀၇ မမ ဒုံးပစ်စင် ၂ ခု(ဒေါက်ပါ)၊ ၎င်း ရှော့တိုက်ဒုံးကျည် ၁ တောင့်နှင့် ဖြစ်စဉ်အတွင်း ၎င်းအဖွဲ့ အသုံးပြုခဲ့သည်ဟု ယူဆရသည့် ပရိုဘောက်မော်တော်ယာဉ် ၁ စီး၊ ဆိုင်ကယ် ၇ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

#PeopleMedia

 

(unicode)

…………………………………………………..





#PeopleMedia


Share this post