• Follow Us on
Latest News

Home မွန်ပြည်နယ် မုဒုံမြို့ ဂျုံးဂျုံးကျတောရကျောင်းတိုက်မှ စာချဆရာတော် ၃ ပါးအပါအဝင် သံဃာအပါး ၈၀ တွင် ကိုဗစ်ပိုးတွေ့ရှိ

မွန်ပြည်နယ် မုဒုံမြို့ ဂျုံးဂျုံးကျတောရကျောင်းတိုက်မှ စာချဆရာတော် ၃ ပါးအပါအဝင် သံဃာအပါး ၈၀ တွင် ကိုဗစ်ပိုးတွေ့ရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၁ (People Media)

 

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ၊ ဂျုံးဂျုံးကျတောရကျောင်းတိုက်တွင် သီတင်းသုံးလျှက်ရှိသော သံဃာတော်အပါး ၈၀ ကျော်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မွန်ပြည်နယ်၊ မုဒုံမြို့ လူမှုကူညီရေးအဖွဲ့အစည်းများထံက သိပါတယ်။

 

ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ပြီး အထက်ပါ တောရကျောင်းတိုက်မှ ဆရာတော်တစ်ပါးသည် ကိုဗစ်ရောဂါ ပိုးရောဂါလက္ခဏာများ ခံစားနေရသည့်အတွက် ရောဂါပိုးစစ်ဆေးခဲ့ပြီး ယင်းမှတစ်ဆင့် ကူးစက်ကာ ယနေ့တွင် ကျောင်းရှိသံဃာတော်များကို ထပ်မံစစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

“အရင်ဆုံး တစ်ပါး နေမကောင်းလို့ စစ်တယ် အဲ့ဒီမှာ ပိုးတွေ့တယ်၊ နောက်ထပ် နှစ်ပါးထပ်စစ်တယ် အဲ့ဒီမှာ နောက်ထပ် သုံးပါး ထပ်စစ်တယ် သုံးပါးလုံးပိုးတွေ့တယ် အဲ့ဒါနဲ့ ဒီနေ့ကျောင်းက စာချဆရာတော်တွေရော စာသင်သားတွေရော ပိုးစစ်တဲ့အခါမှာ စာချဆရာတော် သုံးပါးနဲ့ စာသင်သားအပါး ၈၀ မှာ ရောဂါပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်” ဟု မုဒုံမြို့၊ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိ ရောဂါပိုးတွေ့ရှိသည့် သံဃာများကို ကျောင်းတွင်ထားရှိကာ ကုသမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ကျန်ရောဂါပိုးမတွေ့ရှိသော စာချဆရာတော် ၄ ပါး၊ စာသင်သား ၃၄ ပါး၊ ယျောဝစ္စသမား ၉ ဦးတို့အား သီးသန့်ထားရှိထားကြောင်း အထက်ပါကဲ့သို့ ရောဂါပိုးတွေ့ရှိသည့်အတွက် ဂျုံးဂျုံးကျတောရ ကျောင်းတိုက်ကို Lockdown ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

 

#Peoplemedia #ဂျုံးဂျုံးကျတောရကျောင်းတိုက် #LockDown

 

(unicode)


……………………………………………

 


 


 


 


 


 


 


Share this post