• Follow Us on

Home မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းနိုင်ဟု ရုရှားနိုင်ငံ ပြော

မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းနိုင်ဟု ရုရှားနိုင်ငံ ပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၃

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသော အခြေအနေက ထိတ်လန့်တုန်လှုပ်ဖွယ်ရာဟု ရုရှားနိုင်ငံက ယူဆ နေပြီး အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

အရပ်သားများ သေဆုံးမှုအရေအတွက် မြင့်တက်လာမှုက စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ရုရှားသမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဒီမီထရီပတ်ရှ်ကော့ဗ်က မော်စကိုမြို့တော်၌ သတင်းထောက်များသို့ ပြောကြားသည်။

“မြန်မာနိုင်ငံက အခြေအနေကို စိုးရိမ်စရာလို့ ကျွန်တော်တို့ အကဲဖြတ်ပါတယ်။ အရပ်သား သေဆုံးမှုအ ရေအတွက် မြင့်တက်လာမှု သတင်းတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော အခြေအနေက ရုရှားနိုင်ငံအတွက် စိုးရိမ်စရာကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ အ ခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း သူက ဆိုသည်။

မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းရန် ရုရှားအာဏာပိုင်များက ချင့်ချိန်နေ ကြောင်း ပတ်ရှ်ကော့ဗ်က ပြောသည်။

မြန်မာ့တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းယူပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၇၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ထိန်းသိမ်းခံထားရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါဝင် ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်များ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများက မြန်မာ့တပ် မတော်၏ အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချခဲ့ပြီး လူသားမဆန်သော ရာဇဝတ်မှုကျူးလွန်မှုအပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Ref; Russia concerned by ‘alarming’ situation in Myanmar


Share this post