• Follow Us on

Home မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာအရေးဆွေးနွေးရန် နစက အစိုးရအား ကုလသမဂ္အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာအရေးဆွေးနွေးရန် နစက အစိုးရအား ကုလသမဂ္အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

Share this post

ရန်ကုန် ၊ မတ် ၁၆ (PeopleMedia)

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ နှင့် ပတ်သက်၍ အခြေအနေများ တည်ငြိမ်အောင် ဆောင်ရွက်ရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်၊ ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန်လိုအပ်သည်များကို ပြင်ဆင်လုပ်ဆောင်ရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အားနိုင်ငံသို့ လာရောက်ခွင့်ပေးရန်ကိုလည်း အတွင်းရေးမှူးချုပ်က နစက အစိုးရ အား တိုက်တွန်းကြောင်း ထုတ်ပြန်ချက်ကို မတ် ၁၅ ရက်ပါ ရက်စွဲဖြင့်ထုတ်ပြန်ကြေငြာသည်။

လက်ရှိ ဆန္ဒပြသူ ပြည်သူများအပေါ် ဖိနှိပ်လုပ်ဆောင်နေမှုများ အဆုံးသတ်သွားအောင် လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အတူတကစပေါင်း၍လည်းကောင်း၊ တစ်နိုင်ငံချင်းအနေဖြင့်လည်းကောင်း ကူညီပေးကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ တိုက်တွန်းကြောင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

လက်ရှိတွင် ဆန္ဒပြ သည့်ပြည်သူများအပေါ် အကြမ်းဖက်သည့် ကိစ္စများ မြင့်တက်နေသည့်အတွက် များစွာစိတ်ပျက်မိပြီး ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းများသည် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများအပေါ် ဆောင်ရွက်နေခြင်းသည်
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ကြရန်၊ ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်တင်ပေးရန် တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဖီဆန်နေခြင်းလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများ၊ ၎င်းတို့၏ ဒီမိုကရေစီအား ပြင်းပြစွာ လိုလားတောင့်တမှုများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

#PeopleMedia #UN


Share this post