• Follow Us on

Home မြန်မာနိုင်ငံအနှံ့အပြားတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက် ထပ်မံမြင့်တက်နေပါက အခြေခံလူစားများ ဝဝလင်လင်စားသောက်နိုင်ဖို့အခက်အခဲရှိလာနိုင်ဟု WFP သတိပေး

မြန်မာနိုင်ငံအနှံ့အပြားတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက် ထပ်မံမြင့်တက်နေပါက အခြေခံလူစားများ ဝဝလင်လင်စားသောက်နိုင်ဖို့အခက်အခဲရှိလာနိုင်ဟု WFP သတိပေး

Share this post

ရန်ကုန်၊ မတ် ၁၇ (People Media)

လက်ရှိနိုင်ငံရေးအခြေအနေမငြိမ်မသက်မှုများကြောင့် ကုန်စည်စီးဆင်းမှုများ ဈေးကွက်များအပေါ်သို့ ရိုက်ခက်မှုများရှိလာသည် နှင့် အမျှ စားနပ်ရိက္ခာ နှင် လောင်စာဆီဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီး ထပ်မံမြက့်တက်မှုများရှိနေပါက အခြေခံ လူတန်းစားအများစုသည် ဝဝလင်လင်စားသောက်နိုင်ဖို့အခက်အခဲရှိလာနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ထုတ်ပြန်သည်။

ဈေးကွက်များ၌ ဇန်နဝါရီလမှ ဖေဖော်ဝါရီလဆန်းပိုင်းအထိ ရန်ကုန် ၊ မန္တလေး ရှိ မြို့ပြဆင်ခြေဖုံးဒေသများတွင် စားအုံးဆီ လက်လီဈေးနှုန်းသည် (၂၀) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဆန်ဈေးနှုန်းသည် ၄ ရာခိုင်းနှုန်းအထိ မြင့်တက်ခဲ့ပြီး ကချင်ပြည်နယ်ရှိဒေသတချို့တွင် ဆန်ဈေးနှုန်းသည် (၂၀) ရာခိုင်နှုန်းမှ (၃၅) ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“ဒီရှေ့ပြေးလက္ခဏာတွေဟာ အထူးသဖြင့် တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက်နေကြရတဲ့ အထိခိုက်လွယ်ဆုံးလူတွေအတွက် တကယ်ကို စိတ်ပူစရာဖြစ်ပါတယ်။ ရှိနေပြီးသား ကိုဗစ်ရဲ့ ရိုက်ခက်မှုတွေ အပေါ်မှာ အခုလိုကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်နေဦးမယ်ဆိုရင် အနွားပါးဆုံး နဲ့ ထိခိုက်လွယ်ဆုံးလူထုတွေအတွက် မိသာစု ထမင်းဝိုင်းမှာ ဝဝလင်လင် စားသောက်နိုင်ဖို့ အတော်ရုံးကန်ရမယ့် အခြေအနေပါ” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr Stephen Anderson က ပြောသည်။

လောင်စာဆီဈေးနှုန်းများ ဖေဖော်ဝါရီ မှ စတင်ကာ (၁၅) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ရခိုင်ပြည်နယ် အပါအဝင် ဒေသတချို့တွင် လောင်စာဆီဈေးနှုန်းများသည် (၃၃) ရာခိုင်နှုန်းအထိမြင့်တက်လျက်ရှိကြောင်း WFP က ထုတ်ပြန်သည်။

” ငြိမ်းချမ်းရေးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဘေးဖယ်ထားလိုက်တဲ့ အချိန်မှာ ငတ်မွတ်ခေါင်းပါးမှုအခြေအနေတွေ ဘယ်လိုမြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာနိုင်သလဲဆိုတာ နိုင်ငံတကာအတွေ့အကြုံတွေအရ ကျွန်တော်တို့ WFP က ကောင်းကောင်း သိရှိနားလည်ထားပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr Stephen Anderson က ပြောသည်။

WFP အနေဖြင့် လက်ရှိထုတ်ပြန်ထားသော ကုန်ဈေးနှုန်း အချက်အလက်များကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့နယ်ပေါင်း ၇၀ ကျော်မှ ဈေးဆိုင်ပေါင်း ၁၀၀ ကျော်အားစာရင်းကောက်ယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

#PeopleMedia #WFP


Share this post