• Follow Us on
Latest News

Home မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး လက်တွဲဆောင်ရွက်မည်ဟု Quad အဖွဲ့ဝင်နိုင်ငံများ ပြော

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး လက်တွဲဆောင်ရွက်မည်ဟု Quad အဖွဲ့ဝင်နိုင်ငံများ ပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၃

အာဏာသိမ်းခေါင်းဆောင်များက ဆန္ဒပြမှုများ၊ လုပ်ငန်းခွင်ပြန်ဝင်ရန် ငြင်းဆန်နေသည့် နိုင်ငံ့ဝန်ထမ်း များကို အကြမ်းဖက်ဖြိုခွင်းမှု ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရန် အတူလက် တွဲဆောင်ရွက်ရန် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်ခေါင်းဆောင်တို့က ကတိပြုလိုက်သည်။

မြန်မာနိုင်ငံ၌ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက အတိုက်အခံများ၊ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိသည်။

တပ်မတော်က တရုတ်နိုင်ငံနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုက အမေရိ ကန်သမ္မတသစ် ဂျိုးဘိုင်ဒင်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့သည်။

ဒေသတွင်းလုံခြုံရေးအတွက် အမေရိကန်နိုင်ငံ၏ ကတိကဝတ်သစ်ကို ထုတ်ဖော်ပြသသည့် တွန်းအား ပေးမှုတစ်ခုအဖြစ် Quad ခေါ် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံမှ ခေါင်းဆောင်များက ပထမဆုံး အကြိမ် ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

“မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် ကာလရှည် ထောက်ခံအားပေးတဲ့နိုင်ငံတွေဖြစ်လို့ မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ အရေးတကြီး လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ အလေးထားပြောကြားပါ တယ်” ဟု အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

မြန်မာနိုင်ငံ၌ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှု ကြောင့် ဆန္ဒပြသူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း (AAPP) က ပြောကြားသည်။

Ref; U.S. and allies vow to restore democracy in Myanmar as violence mounts


Share this post