• Follow Us on

Home မြန်မာပြည်သူများ၏အသံကို ကမ္ဘာ့နိုင်ငံများ နားထောင်စေလိုဟု အောင်လအင်ဆန်း ပြော

မြန်မာပြည်သူများ၏အသံကို ကမ္ဘာ့နိုင်ငံများ နားထောင်စေလိုဟု အောင်လအင်ဆန်း ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈(PeopleMedia)

One Championship ၏ လိုက်ဟဲဗီဝိတ်တန်း ခါးပတ်ချန်ပီယံ အောင်လအင်ဆန်းက တပ်မတော်မှ အာ ဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဆန္ဒပြမှုများပြုလုပ်နေသည့် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြောကြား လိုက်သည်။

၂၀၀၄ ခုနှစ်တွင် ပညာသင်ကြားရန် အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းပြီးနောက် ဖလော်ရီဒါပြည်နယ်၌ လေ့ကျင့်နေသည့် အသက် ၃၅ နှစ်အရွယ် အောင်လအင်ဆန်းက One Championship ၏ ဧပြီလအတွင်းပြုလုပ် မည့် ပြိုင်ပွဲ၌ ရုရှားပြိုင်ဘက် ဗီတေးလ်ဘက်ဒစ်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ၌ပြုလုပ်သည့် One Championship ပြိုင်ပွဲ၌ အောင်လ အင်ဆန်းက ဘက်ဒစ်ရှ်ကို အနိုင်ရရှိကာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်လာခဲ့ပြီး ၄င်း၏ ဖေ့စ်ဘုတ်တွင် followers ၂ ဒသမ ၈ သန်းကျော်ရှိသည်။

“နိုင်ငံတကာက ကျွန်တော့်မိတ်တွေများခင်ဗျား၊ ကျွန်တော့်မွေးရပ်မြေမှာ တပ်မတော်က အာဏာရယူ ထားတာ ၁၆ ရက်ရှိပါပြီ။ အလွှာပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းသောဆန္ဒပြမှုတွေ၊ CDM လှုပ်ရှားမှုတွေ တစ်နိုင်ငံလုံး လုပ်ဆောင်နေပါတယ်” ဟု အောင်လအင်ဆန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် NLD ပါတီဝင်များ ထိန်းသိမ်းခံထားရကြောင်း၊ ဆယ်စုနှစ်ချီ အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီးနောက် ငြိမ်းချမ်းသော အသွင်းကူးပြောင်းမှုဖြင့် ဒီမိုကရေစီ ရရှိ သည်မှာ မကြာသေးကြောင်း ၄င်းက ဆိုသည်။

မြန်မာပြည်သူများ၏အသံကို နားထောင်ပြီး ငြိမ်းချမ်းသောလုပ်ဆောင်ချက်ကို ထောက်ခံစေလိုကြောင်း၊ မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ရပ် ဆောင်ကျဉ်းပေးဖို့လိုအပ်ကြောင်း သူက ပြော သည်။
–ကိုးကား–
South China Morning Post

Ref; Burmese MMA champion Aung La N Sang calls for reversal of ‘unlawful’ Myanmar coup


Share this post