• Follow Us on

Home မြန်မာ့တပ်မတော်၏ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

မြန်မာ့တပ်မတော်၏ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

Share this post

နိုင်ငံတကာ မတ် ၁၁

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ငြိမ်းချမ်းသော ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းသည့် မြန်မာ့ တပ်မတော်ကို အပြင်းအထန် ရှုတ်ချသည့် ကြေညာချက်တစ်ရပ် ယမန်နေ့က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

“အမျိုးသမီးများ၊ လူငယ်များ၊ ကလေးငယ်များ အပါအဝင် ငြိမ်းချမ်းသော ဆန္ဒပြသူများအပေါ် အကြမ်း ဖက်မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြင်းအထန် ရှုတ်ချပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာ့တပ်မတော်က အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံမှု ကျင့်သုံးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။

မြန်မာ့အရေး ထုတ်ပြန်ချက်ကို လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး ယမန်နေ့က အတည် ပြုခဲ့ခြင်းဖြစ်ကာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကြား ညီညွတ်မှုရရှိ လာခြင်းကို ပြသလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့် ထိတွေ့မှုပြုလုပ်ရန်နှင့် ဖြစ်နိုင်သမျှ မြန်မာနိုင်ငံကို သွားရောက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာ့တပ်မတော်က အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း လူထု ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာ့တပ်မတော်က ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုကြောင့် အနည်းဆုံး ၆၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

–ဘနားမား
Ref; UN Security Council strongly condemns violence by Myanmar military


Share this post