• Follow Us on

Home မြန်မာ့တော်လှန်ရေးမျှော်လင့်ချက်

မြန်မာ့တော်လှန်ရေးမျှော်လင့်ချက်

Share this post

လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ တိုးတက်ပွားများလာခြင်းသည် ရဲရင့်တက်ကြွသော စိတ်ဓာတ်အားမန် ဖြစ်သော်လည်း စစ်တပ်ဆန့်ကျင်ရေးပြည်တွင်းစစ်ပွဲကြီးကို ဆင်နွှဲရန်ဟူ၍ အဓိပ္ပာယ်မသက်ရောက်ပေ။

 

တတိယစိန်ခေါ်ချက်မှာ သောင်းကျန်းသူတန်ပြန်တိုက်ခိုက်ရေးအတွက် လျင်မြန်စွာရွှေ့ပြောင်းနိုင်သော မဟာ ဗျူဟာမြောက်လေကြောင်းအထောက်အကူဖြစ်သည့် လေကြောင်းချီတပ်မ သို့မဟုတ် ရဟတ်ယာဉ်ဖြင့်တပ်ရွှေ့ ပြောင်းသယ်ဆောင်မှု တပ်မတော်တွင် မရှိခြင်းဖြစ်သည်။ အခြေခံအားဖြင့် တပ်မတော်၏စစ်ဆင်ရေးများမှာ အ လွယ်တကူထိခိုက်နိုင်သော ကြည်းကြောင်းနှင့် ရေကြောင်းဆက်သွယ်ရေးကိုသာ မှီခိုအားထားနေရပြီး လိုအပ် သမျှပြန်လည်ဖြည့်တင်းနေရပါသည်။

 

Asia Times မှ အန်ထိုနီဒေးဗစ်၏ Prospects for a people’s war in Myanmar မှ ထုတ်နုတ်ပြန်ဆိုပါသည်။

 

အန်တိုနီဒေးဗစ်၊ ဘန်ကောက်

 

ငြိမ်းချမ်းစွာဆန္ဒပြမှုများ၊ အထိအခိုက်များလှသောသတ်ဖြတ်မှုများ၊ စီးပွားရေးပြိုလဲမှုများနှင့် ဆိုးရွားလှသော ကပ်ရောဂါတို့ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့ပါသည်။ သို့သော် ပြည်သူရွေးကောက်ထားသောအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ခြောက်လအကြာတွင် သိသာရှင်းလင်းလှသော တကယ့်ဖြစ်ရပ်တစ်ခု ထွက်ပေါ် လာပြီဖြစ်ပါသည်။ မချိတင်ကဲ နာကျည်းမှုများနှင့် သံခင်းတမန်ခင်းဆိုင်ရာ အလွန်အမင်းစိုးရိမ်ပူပန်မှုများမှာ မြန်မာနိုင်ငံကိုကယ်တင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကလာရောက်မည်မဟုတ်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။

 

မြန်မာပြည်သူများမှာ စစ်အစိုးရ၏ထောင်မှူးများကို ၎င်းတို့ဘာသာ၎င်းတို့ ရင်ဆိုင်နေကြရသလို ရိုးစင်းသော ရွေးချယ်မှုနှင့် ရင်ဆိုင်နေရပါသည်။ ယင်းမှာ အလွယ်တကူအရှုံးပေးမလား၊ ပြန်လည်တိုက်ခိုက်မလား ဟူ၍ဖြစ် သည်။ PDF ခေါ် လူထုကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နိုင်ငံအနှံ့အပြား ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်မှတ်ထားသတ် ဖြတ်မှုများနှင့် လက်နက်ကိုင်တိုက်ပွဲဝင်မှုများက ပြန်လည်တိုက်ခိုက်ခြင်းဆိုသည့် ရွေးချယ်မှုကို မြန်မာနိုင်ငံက လူငယ်များက ရွေးချယ်လိုက်ကြောင်း ညွှန်ပြခဲ့ပါသည်။

အောက်ခြေလူတန်းစားများ၏ ဤတော်လှန်ရေးကို မည်သည့်နေရာတွင် ဦးဆောင်မည်၊ အမှန်တကယ်အောင် မြင်မှု ရနိုင်ဖွယ်ရှိမည်/ မရှိမည်နှင့် မည်ကဲ့သို့ တော်လှန်ကြမည်ဆိုသည်မှာ ခန့်မှန်းအကဲဖြတ်ရန် ပိုမိုခက်ခဲ  လာပါသည်။ သတင်းမီဒီယာများ၏ အတိသယဝုတ္တိစကားအရတော့ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားမည့် အခြေအနေမရှိသေးဟူ၍ြ့ဖစ်သည်။

 

လူထုကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်သော်လည်း ပြန်လည်တိုက်ခိုက် ရန် ကြိုးစားရုန်းကန်နေကြပါသည်။ ရပ်ကွက်စေတနာ့ဝန်ထမ်းကင်းသမားများကို အမည်အသိအဖွဲ့အစည်းများ က အကြမ်းဖက်သတ်ဖြတ်ခြင်း အပါအဝင် အရပ်သားများကို အရပ်သားများကသတ်ဖြတ်ခြင်းတို့မှာ ပို၍တိုးတိုး လာပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သို့မဟုတ် ပြစ်မှုဆိုင်ရာအငြင်းပွားမှုများ ဖြစ်ပွားလာပါသည်။

 

မင်းမဲ့စရိုက်မှာ ပို၍ပြင်းထန်ပြီး အရှိန်မြင့်လာသော်လည်း အချိန်အကြာကြီးဖြစ်ပွားခြင်းမတွေ့ရပါ။ ၂၀၂၂ ခုနှစ် မုတ်သုန်ရာသီ မေလမတိုင်မီ လာမည့်ကိုးလအတွင်း မြန်မာနိုင်ငံတွင် ကျယ်ပြန့်သော လမ်းကြောင်းနှစ်ခုအနက် လမ်းကြောင်းတစ်ခုပြောင်းလဲမှု သိသာထင်ရှားစွာ စတင်ဖြစ်ပေါ်လာနိုင်ပါသည်။

 

တပ်မတော်အနေဖြင့် ၎င်းဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရက မြန်မာနိုင်ငံအလယ်ပိုင်းကို ထိန်းသိမ်းကိုင် တွယ်နိုင်စွမ်းရှိကြောင်း အခိုင်အမာပြန်လည်ထုတ်ဖော်ပြသရာတွင် ညီညွတ်မှု၊ စည်းကမ်းသေဝပ်မှု၊ ရင်းမြစ် များနှင့်  ထိန်းမနိုင်သိမ်းမရဖြစ်နေသော အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတို့ဖြစ်သော တပ်မတော်၏ တကယ့်စွမ်းအားကို ထုတ်ဖော်ပြသအသုံးချနိုင်ပါသည်။

 

မတူကွဲပြားသောနယ်မြေဒေသအသီးသီး၌ မလွှဲမရှောင်သာ စစ်ဥပဒေကိုပြန်လည်ပြဋ္ဌာန်းလာနိုင်ပြီး ယင်းစစ်ဥ ပဒေမှာကြောင့်လူထုအမုန်းနှင့် တစ်ခါတစ်ရံ အကြမ်းဖက်စိန်ခေါ်မှုတို့ကို ရင်ဆိုင်ရလာနိုင်ပါသည်။

 

သို့သော် အချိန်ကုန်လာသည်နှင့်အမျှ ရုရှား၊ တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ပံ့ပိုးမှုဖြင့် အခြေခံတည်ငြိမ်မှုနှင့် တဖြည်းဖြည်းစီးပွားရေးပြန်လည်ရှင်သန်လာမှုတို့ ဖြစ်ပေါ်လာနိုင်ပါသည်။ ယင်းအခြေအနေများပေါ်မူတည်၍ တပ်မတော်အနေဖြင့် ၎င်းတို့၏ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ဆိုသည့်အမြင်နှင့်အညီ ရွေးကောက်ပွဲစနစ် ကိုအာမခံသည့် စီစဉ်ထားသော ပြန်လည်ပြုပြင်ပြောင်းလေးရေးအစီအစဉ်တစ်ခုကို ဖော်ထုတ်လာနိုင်ပါသည်။

အခြားလမ်းကြောင်းတစ်ခုမှာ ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို အမျိုးမျိုးကွဲပြားစွာဆန့်ကျင်နေသည့်  ဗမာ လူမျိုးများ၏ ဗဟိုချက်မဒေသတွင် ပြည်တွင်းစစ်မီးကူးစက်လာနိုင်ခြင်းဖြစ်ပါသည်။ ဗမာတို့၏အချက်အခြာ ဒေ သတွင် အဓိကတိုင်းရင်းသားလူနည်းစုများ၏ အားတက်သရောစာနာထောက်ထားမှုကို ထိန်းသိမ်းထားရင်း ရေ ရှည်တောင့်ခံထားနိုင်သည့်တော်လှန်ရေးအတွက်လိုအပ်သော အဖွဲ့အစည်း၊ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာ မြောက်စီမံချက်ရေးဆွဲခြင်း အဆင့်တစ်ခုကိုအောင်မြင်စွာရရှိထားသည့်အပြင် တပ်မတော်၏ အားနည်းချက်များ ကို အသုံးချနိုင်ပါသည်။

 

အခြားလမ်းကြောင်းများကိုမတွေ့ရပါ။ မြန်မာနိုင်ငံ၏အနာဂတ်မှာ စိတ်ဝင်စားသူတိုင်း တည်ဆောက်နိုင်စွမ်းရှိ သည့်အနာဂတ်ဖြစ်ပါသည်။ သို့သော် ဆိုခဲ့ပါလမ်းကြောင်းနှစ်ခုစလုံးမှာ အခြေခံအကြောင်းရင်းများ၏ အပြန်အ လှန်သက်ရောက်မှု အပေါ် မှီတည်နေပါသည်။

 

လူထုကာကွယ်ရေးတပ်ဖွဲ့ဝင်များ (People’s Defense Forces)

 

စစ်ကိုင်းတိုင်းအနောက်မြောက်ဒေသနှင့်  ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ၎င်းတို့တပ်ဖွဲ့ ဖွဲ့စည်းပြီး ကြောင်း ကြေညာခဲ့သည့် ချင်းပြည်နယ်အနောက်ပိုင်းဒေသတို့တွင် ဧပြီလ အစောပိုင်းကာလအတွင်း မပြည့် မစုံဖွဲ့စည်းထားသည့် လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ စတင်ပေါ်ပေါက်လာပါသည်။

 

ဇူလိုင်လလယ်လောက်တွင် မြို့ပြနှင့် ကျေးလက်ဒေသ နှစ်ခုစလုံးတွင် စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဆန့်ကျင်ကြောင်း ကြေညာသည့်အဖွဲ့ပေါင်း ၁၂၅ ဖွဲ့ပေါ်ပေါက်လာခဲ့ပြီး လွန်ခဲ့သည့် ဧပြီလနှောင်း ပိုင်းနှင့် မေလ အစောပိုင်းကာလများကို အဖွဲ့အစည်းပေါင်းစုံတဟုန်ထိုးထွက်ပေါ်လာသည့်ကာလဟုဆိုရ မည် ဖြစ်သည်။ အဖွဲ့အစည်းအချို့မှာ ဧပြီလလယ်လောက်တွင် ဖွဲ့စည်းခဲ့သည့် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီ ညွတ်ရေးအစိုးရကို သစ္စာခံကြောင်း ကြေညာခဲ့သည်။

 

မြေပြင်တွင် အဆုံးသတ်တိုက်ပွဲများ မမြင်ရသည့်တိုင်အောင် လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ၏ အ ကျိုးသက်ရောက်မှုမှာ သိသာထင်ရှားစွာမြင်နေရပါသည်။ လတ်တလောကာလတွင် Covid-19 ကပ်ရောဂါနှင့် မုတ်သုန်မိုးတို့ကြောင့် လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ၏လှုပ်ရှားမှုများ လျော့ပါးနေပါသည်။ သို့သော် လိုအပ်သောရင်းမြစ်များ ရှာဖွေစုဆောင်းနေစဉ်အတွင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်နေပြီး မဟာမိတ် အ သစ်ဖွဲ့ခြင်းများဆောင်ရွက်နေကြောင်း ကြေညာခဲ့ပါသည်။

လျှို့ဝှက်ဆဲလ်များပေါ်အခြေခံ၍ မြို့ပြဒေသရှိ လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များမှာ အခြေခံနည်းဗျူဟာ နှစ်ခုကို အဓိကအာရုံစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းတို့မှာ လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခြင်း နှင့် ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပါသည်။ ၎င်းတို့၏ ပစ်မှတ်များမှာ အရပ်ဘက်အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးဟုသံသယရှိသူများ၊ တပ်မတော်သားနိုင်ငံရေးကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံံ့ဖြိုးရေးပါတီဝင် (USDP) များအပြင် ရပ်ကွက်ရုံးများနှင့် အစိုးရရုံးများပါဝင်ပါသည်။

 

ကျေးလက်ဒေသများတွင် လက်နက်အညံ့စားများတပ်ဆင်ထားသည့် သောင်းကျန်းသူအဖွဲ့များအဖြစ် ပို၍ဗြောင် ကျကျ ရပ်တည်လာခဲ့ကြပါသည်။ မြို့ပြများတွင်တွေ့ရှိရသော အလားတူပစ်မှတ်မျိုးအများအပြားကို ပစ်ခတ် တိုက်ခိုက်သည့်အပြင် အမဲလိုက်ရိုင်ဖယ်များ၊ လက်လုပ်မိုင်းများအသုံးပြု၍ ခြုံခိုတိုက်ပွဲများဆင်နွှဲပြီး ကျေးရွာ များသို့ ကျူးကျော်ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းများကို မောင်း ထုတ်ရန်လည်း အကြိမ်ကြိမ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

 

ကျေးလက်ဒေသစစ်ဆင်ရေးများမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်လွတ်မြောက်ရေးတပ်မ တော် (KNLA)၊ ကရင်နီတပ်မတော် (KA) နှင့် အခြားတိုင်းရင်းသားအဖွဲ့အစည်းများကဲ့သို့ တိုင်းရင်းသားလက် နက်ကိုင်များနှင့်ဆက်သွယ်ရေးထူထောင်ထားပြီး  လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ လှုပ်ရှားလည်ပတ် နေသည့် လူနည်းစုတိုင်းရင်းသားဒေသများတွင် ပိုမိုအောင်မြင်သည်ကိုတွေ့ရပါသည်။

 

လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့ သည့် ကချင်ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင်သာမက မြန်မာနိုင်ငံအရှေ့ပိုင်းကယား ပြည်နယ်အတွင်း ဇွန်လအစောပိုင်းက စစ်မြေပြင်တွင် ပူးပေါင်းဆောင်ရွက်မှုများကြောင့် လူထုကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) များအနေဖြင့် ခေတ်မီလက်နက်များတပ်ဆင်လာနိုင်ခဲ့ပါသည်။ ချင်းပြည်နယ်တွင် ချင်းအမျိုး သားတပ်မတော် (CNA) က လူထုကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် သင်တန်းများပံ့ပိုးကူညီခဲ့ပါသည်။

 

မည်သို့ဆိုစေကာမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ အတွက် ခေတ်မီလက်နက်များ မည်သည့်အချိန်အထိထောက်ပံ့သွားရန်နှင့် မည်မျှထောက်ပံ့သွားရန် ဆန္ဒရှိ သည်ဆိုသည်မှာ အဓိကမေးခွန်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။ ဇွန်လနှောင်းပိုင်းတွင် မန္တလေး တိုင်းသို့ပို့ဆောင်ခဲ့သည့် KIA ထုတ် လက်နက်ငယ်များနှင့် ဗုံးပစ်လောင်ချာများကို တပ်မတော်ကသိမ်းဆည်းရ ရှိခဲ့ခြင်းမှာ စီးပွားရေးအတွက် အနည်းဆုံး ပိုက်လိုင်းတစ်ခုဖွင့်ထားကြောင်း တိုက်ရိုက်ဖော်ပြနေပါသည်။

သို့သော် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ လက်နက်ဈေးကွက်များတွင် ကုန်ပစ္စည်းများမရနိုင်တော့လောက် အောင်ပြတ်လတ်လျက်ရှိသဖြင့်  စာနာထောက်ထားသောတိုင်းရင်းသားအဖွဲ့အစည်းများထံမှ လက်နက်များ ဝယ်ယူခြင်းဖြင့် အပိုဆောင်းဖြည့်စွက်ထားရှိနိုင်ပါသည်။

 

မြေပြင်တွင် မရောရာသောတည်ရှိမှုနှင့်အတူ အဝေးရောက်စင်ပြိုင်အစိုးရ (NUG) မှာ အများဂရုမူလေးစား အောင်လုပ်ပြနိုင်စွမ်းရှိမရှိနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းမရှိဘဲ ဒေသခံ လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကို အနာဂတ်တွင်ထောက်ပံ့နိုင်စွမ်းရှိမရှိဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရပေ။

 

အထိန်းသိမ်းခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ်အောက်တွင် အလုပ်လုပ်နေသာ မျိုးဆက် ဟောင်းနိုင်ငံရေးသမားကြီးများလွှမ်းမိုးထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ လူငယ်များခေါင်း ဆောင်သောတော်လှန်ရေးလုပ်ရှားမှုများကို သြဇာတိက္ကမပြည့်စုံစွာလွှမ်းမိုးနိုင် ဖို့နေနေသာသာ အင်တိုက်အား တိုက်တက်တက်ကြွကြွရှိသည့်ခေါင်းဆောင်များကိုပင်မတွေ့ရချေ။

 

တပ်မတော်အင်အား

 

တပ်မတော်နှင့် ၎င်း၏အနာဂတ်အမြင်တို့မှာ အများဆုံးသတိပြုမိပြီးနားလည်နိုင်ပါသည်။ သို့သော် တပ်မတော် ၏ ထင်ရှားသောစွမ်းရည်များအတွက်မူ တပ်မတော်မှာ အားနည်းချက်များနှင့်အတူ ပြန့်ကျဲနေပြီး ကမောက်က မဖြစ်နေသော အဖွဲ့အစည်း ကြီးဖြစ်နေပါသည်။

 

မီဒီယာများ၏ဖော်ပြချက်အရ တပ်မတော်အင်အားကို ၃၅၀,၀၀၀ ရှိသည်ဟုသိထားကြသော်လည်း တပ်မတော် ၏ထိရောက်သောတိုက်ခိုက်ရေးစွမ်းရည်မှာ ဧကန်မုချ ပို၍နိမ့်ပါးမည်ဟုခန့်မှန်းရပါသည်။

 

တပ်မဌာနချုပ်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တပ်သားသစ်စုဆောင်းမှုအတိုင်းအတာနှင့် ကာလရှည်လူအင် အားမလုံလောက်မှုများပေါ်အခြေခံ၍ အနောက်တိုင်းလေ့လာဆန်းစစ်သူများ၏တွက်ချက်မှုအရ တိုက်ခိုက်ရေး တပ်များ၏အင်အားမှာ တပ်ဖွဲ့ဝင် ၁၂၀,၀၀၀ မကျော်နိုင်ဟု ခန့်မှန်းထားပါသည်။

လတ်တလောနှစ်များအတွင်း အထူးသဖြင့် ခြေမြန်တပ်မှများရှိတပ်များကို အဆက်မပြတ် တပ်ဖြန့်ချထားရသ လို ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များရှိ တိုင်းရင်းသားနယ်မြေနယ်စပ်ဒေသ များတွင် အထိအခိုက်အကျအဆုံးများပြားလျက်ရှိကြောင်းသိရသည်။

 

အင်အားတိုးမြှင့်ပြီး လက်နက်ကိုင်အဖွဲ့အစည်း အသစ်ကို လက်နက်တပ်ဆင်ရာတွင် တပ်မတော်၏အပတ်တ ကုတ်ကြိုးပမ်းအားထုတ်မှုက ပထမစိန်ခေါ်မှုနှစ်ခု၏ အတိုင်းအတာပမာဏကို ထင်ဟပ်စေပါသည်။ မေလမှစ၍ လျှို့ဝှက်စောင့်ကြည့်ထောက်လှမ်းခြင်း၊ လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကိုရှာဖွေဖော်ထုတ်ခြင်း၊ ကား များကို စစ်ဆေးရှာဖွေခြင်းကဲ့သို့ ဒေသတွင်းလုံခြုံရေးတာဝန်များကိုထမ်းဆောင်သည့် ပျူစောထီးခေါ်  အရပ် ဝတ်တပ်ဖွဲ့ကို အဓိကအာရုံစိုက်လာခဲ့ပါသည်။

 

ဗမာ့သမိုင်းထဲက စစ်ဘုရင်နာမည်ကိုအစွဲပြုမှည့်ခေါ်ထားသော ပျူစောထီးအဖွဲ့တွင် မြို့နယ်များကိုအခြေပြု၍ တစ်ဖွဲ့လျှင် အင်အား ၅၀ မှ ၁၀၀ အထိ ဖွဲ့စည်းထားပါသည်။ ပျူစောထီးအဖွဲ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးပါတီ USDP အမာခံများ၊ သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများဖြစ် သော မဘသ အဖွဲ့ဝင်များနှင့်အတူ တပ်မတော်စစ်မှုထမ်းဟောင်းများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များနှင့် ဖွဲ့ စည်းထားပါသည်။ ပျူစောထီးအဖွဲ့အင်အားမှာ ခန့်မှန်း ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိရှိနိုင်ပါသည်။

 

လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကို တန်ပြန်တိုက်ခိုက်ရန် ပျူစောထီးအဖွဲ့များ ပိုမိုများပြားလာခြင်း ကြောင့် လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များက ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုဝင်များကို ပစ် မှတ်ထားသတ်ဖြတ်မှုများ ပိုမိုများပြားလာပါသည်။ ထိုနည်းတူစွာ ပျူစောထီးတပ်ဖွဲ့ဝင်များကလည်း NLD ပါတီ ဝင်များနှင့် လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များဟုသံသယရှိသူများကို လက်စားချေသတ်ဖြတ်လာကြပါ သည်။

 

တော်လှန်ရေးတပ်ဖွဲ့တည်ထောင်ခြင်း

 

ဤပရမ်းပတာ နောက်ခံဖြစ်ရပ်နှင့် ဆန့်ကျင်လျက် တပ်မတော်၏အားနည်းချက်များကို အကျိုးရှိရှိထုတ်ဖော် အ သုံးချနိုင်ရေးအတွက်ရည်ရွယ်ပြီး ရေရှည်တောင့်ခံထားနိုင်သောတော်လှန်ရေးအတွက် စွမ်းရည်တည်ဆောက် ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက်ရော လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များအတွက်ပါ ကြောက်စရာကောင်းသည့်စိန်ခေါ်မှုများဖြစ်ပါသည်။ ယင်းအခက်အခဲများကို ကျော်လွှားနိုင်မည်၊ မကျော်လွှား နိုင်မည်ကို စောင့်ကြည့်ရန်သာရှိပါသည်။

 

အထူးသဖြင့် လာမည့်နှစ်အတွင်း ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး ရည်ရွယ်ပြီး ရှည်လျားလှသော လက်နက် ကိုင်ပဋိပက္ခအတွက် မဟာဗျူဟာတစ်ရပ်ရေးဆွဲရေးမှာ လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ရှည်လျားလှသော စစ် အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် မလွှဲမရှောင်နိုင်သော နယ်စပ်ဖြတ်ကျော်ဂယက်ရိုက်မှုများမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အကျိုးသက်ရောက်မှုရှိပါသည်။

 

တော်လှန်ရေးကို ရေရှည်တောင့်ခံထားနိုင်ပါက စာနာထောက်ထားသော ဒီမိုကရေစီနိုင်ငံများ၏ သံတမန်အသိ အမှတ်ပြုမှုများအပြင် ဘဏ္ဍာရေးအထောက်အပံ့များ၊ ရုပ်ဝတ္ထပစ္စည်းများပင် အကူအညီရရှိနိုင်ပါသည်။

 

သို့သော် ရှည်လျားလှသောရုန်းကန်လှုပ်ရှားမှုအတွက် မည်သည့်မဟာဗျူဟာမဆို “မြို့ပြပြောက်ကျားစစ်ဆင် ရေး” ၏ ကိုယ့်ကိုယ်ကိုယ်သတ်သေသည့်သဘောရှိသော စွဲဆောင်မှုကို တောင့်ခံထားနိုင်ရန် လိုအပ်ပါသည်။ လတ်တလောကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စုစည်းထားပြီး နိုင်ငံတစ်ဝန်းလုံးတွင် “D-Day”  ဟုခေါ်သော လူထုကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များက အထူးသဖြင့် မြို့ပြဧရိယာအတွင်း ပေါင်းစပ်ညှိနှိုင်း တိုက်ခိုက်မည့်သတင်းမှာ မကြာခဏ ထွက်ပေါ်လာသော ကောလာဟလဖြစ်ပါသည်။

 

ယင်း “D-Day”  ကောလာဟလသာ အမှန်တကယ်ဖြစ်လာမည်ဆိုပါက အသက်ပေါင်းများစွာပေးဆပ်ရမည် ဖြစ်ပြီး လူထုထောက်ခံမှုကျဆင်းသွားကာ နည်းလမ်းတစ်ခုတည်းဖြင့် အဆုံးသတ်သွားနိုင်ပါသည်။ လေ့လာ သိရှိထားသမျှ တရုတ်၊ ဗီယက်နမ်၊ အယ်လ်ဂျီးရီးယားနှင့် အခြားစစ်နယ်ဝန်းများတွင်ဖြစ်ပွားခဲ့သော ၂၀ ရာစု တော်လှန်ရေးလှုပ်ရှားမှုများတွင် လူထုထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရရှိထားသည့် ပြောက်ကျားတော်လှန် ရေးအဖွဲ့များပင်လျှင် ၎င်းတို့သိမ်းပိုက်ရန်မျှော်လင့်မထားနိုင်သည့် ကောင်းစွာတပ်ချကာကွယ်ထားသော မြို့ပြ နယ်မြေတွင် အသက်ရှင်ကျန်ရစ်ရန်အလားအလာလုံးဝမရှိကြောင်းတွေ့ရပါသည်။

 

အမေရိကန်နှင့် တောင်ဗီယက်နမ်တပ်များသည် ၁၉၆၈ ခုနှစ် ဇန်နဝါရီလအတွင်း ကွန်မြူနစ်တပ်များ၏ တက် ထိုးစစ်ကြီးတွင် ကျဆုံးခဲ့ကြပါသည်။ တောင်ဗီယက်နမ်တစ်ဝန်းရှိမြို့ကြီးများတွင် တက်ထိုးစစ်များ တဟုန်ထိုး ပေါ်လာခြင်းမှာ နိုင်ငံရေးအရ ရင်သပ်ရှုမောဖွယ်ဖြစ်နိုင်ပါသည်။ သို့သော် ဗီယက်ကောင်းများအနေဖြင့် တပ်မ တော်တစ်ရပ်အဖြစ် ဘယ်တော့မှ ပြန်မရနိုင်တော့လောက်အောင် အသက်ပေါင်းများစွာ ကြီးကြီးမားမားပေး ဆပ်ခဲ့ရပါသည်။

 

ယနေ့ခေတ်မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ပြောရလျှင် ၁၉၉၀ ခုနှစ်နှင့် ၁၉၉၁ ခုနှစ်ကာလအတွင်း ကက်ရှ်မီးယား ပြည်နယ်မြို့တော် ဆရီနာဂါတွင် အခြေချရန် ကြိုးပမ်းခဲ့သည့် ကက်ရှ်မီးယားသူပုန်များကို အိန္ဒိယတပ်ဖွဲ့ဝင်များ က စနစ်တကျသုတ်သင်ရှင်းလင်းခဲ့သည်နှင့် တူပါသည်။ ခရိုင်တစ်ခုပြီးတစ်ခု အိန္ဒိယစ်စစ်တပ်ဦးဆောင်သော အဖွဲ့သည် အဓမ္မစေခိုင်းသည့်နည်းလမ်းရော အခကြေးငွေပေးပြီးစေခိုင်းသည့်နည်းလမ်းပါ အသုံးပြု၍ ကက်ရှ်မီး ယားသူပုန်များကို တစ်အိမ်တက်ဆင်း ရှာဖွေရှင်းလင်းသုတ်သင်ခဲ့ပါသည်။

 

လက်တွေ့မကျသော မြို့ပြစွန့်စားခန်းများကို ရှောင်ကြဉ်နိုင်မည်ဆိုပါက လူနည်းစုတိုင်းရင်းသားလက်နက်ကိုင် များထိန်းချုပ်ထားသော နယ်စပ်ဒေသများရှိ သင်တန်းကျောင်းများမှ ထောင်နှင့်ချီသည့် လူငယ်များသည် လူထု ကာကွယ်ရေးတပ်ဖွဲ့ (PDF) သို့ စစ်ကူအင်အားဖြည့်အဖြစ် ရောက်ရှိတာဝန်ထမ်းဆောင်လာနိုင်မည်ဖြစ်ပါသည်။

 

အခြေခံစစ်ပညာသင်တန်းအပြင် ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာသူ လူငယ်အများအပြားမှာ ဖောက်ခွဲရေး နှင့် အဖျက်အမှောင့်လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းများကဲ့သို့ ကျွမ်းကျင်မှုများပါ ပါလာ ခဲ့ကြပါသည်။ လူငယ်အချို့မှာ ခေါင်းဆောင်မှုစွမ်းရည်ရှိသောအလားအလာများကို တွေ့ရပါသည်။

 

သို့သော် သင်တန်းတက်ရောက်ပြီးသည့်အချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်းတွင်းပိုင်းကျေးလက်ဒေသ များတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော တော်လှန်ရေးစစ်ပွဲအတွက် အလွန်အရေးကြီးသည့် အချက်လေးချက် အ နည်းဆုံးရှိနေပါသည်။

 

ပထမဦးဆုံးအချက်မှာ လတ်တလောကာလအတွင်း ပေါင်းစည်းပြီးဖြစ်ပုံရသည့် ကနဦးအဆင့် တပ်များကြားထဲ တွင် ထိရောက်သောပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုဖြစ်ပါသည်။

 

ဒုတိယအချက်မှာ မနားမနေ ဒုက္ခပေးနှောင့်ယှက်ခြင်းနှင့် တပ်မတော်စစ်ကြောင်းများ အင်အားသုံးပြီး အရင်း အနှီးကြီးကြီးပေးဆပ်ပြီးမှ ဝင်ရောက်ထိုးဖောက်နိုင်သည့် သောင်းကျန်းသူများလွှမ်းမိုးထားသော “ရဲနှင့် စစ်တပ် မဝင်ရသည့်ကန့်သတ်နယ်မြေ” အဖြစ်တည်ထောင်ရန် ရည်ရွယ်ထားသည့် ကားလမ်း၊ ရထားလမ်းနှင့် ရေ ကြောင်းလမ်းများကို ရပ်တန့်အောင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

 

တတိယအချက်မှာ တိုက်ပွဲဖြစ်စဉ်တိုင်းတွင် ပဓာနကျသော နည်းဗျူဟာ ဦးစားပေးလုပ်ငန်းမှာ ရန်သူ့ထံမှ လက် နက်ခဲယမ်းများသိမ်းပိုက်ရရှိရေးဖြစ်ပါသည်။

 

နောက်ဆုံးအချက်မှာ ကုန်းတွင်းပိုင်းအတွင်း တော်လှန်ရေးအောင်မြင်မှုမှာ ခိုလှုံရာနယ်မြေများ၊ သင်တန်းများ၊ ထောက်ပံ့ရေးအကူအညီများ ပံ့ပိုးကူညီနေသည့် အဓိကလူနည်းစုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ဆက်ဆံရေးတိုးတက်မှုအခြေအနေများပေါ်တွင် မူတည်နေပါသည်။

 

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ ယခုအချိန်တွင် အမှန်တကယ်ရွေးချယ်ရမည့် ရွေးချယ် မှုဖြစ်သည့်အတွက် ဗမာအတိုက်အခံအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ အနေဖြင့် မိမိ ကိုယ်မိမိ အောက်ကျို့နှိမ်ချခြင်းဖြင့် ယင်းဆက်ဆံရေးတိုးတက်မှုများကို တည်ဆောက်ရမည်ဖြစ်ပါသည်။

 

တေ်ာလှန်ရေးကိုအထောက်အကူပြုစေမည့်အချက်မှာ ဗမာသူပုန်များကိုအသုံးပြုခြင်းဖြင့် တပ်မတော်၏လှုပ် ရှားမှုများကို ကန့်သတ်ထားနိုင်ပြီး တပ်မတော်ကိုတိုက်ခိုက်နိုင်ခြင်း သို့မဟုတ် အဆုံးသတ်တွင် ပို၍ရည်မှန်း ချက်ကြီးမားစွာပြောရလျှင် အမျိုးသားနိုင်ငံရေးပါဝါနှင့် ပတ်သက်၍ တပ်မတော်ကို လည်ပင်းညှစ်ထားနိုင်ခြင်း ဖြစ်ပါသည်။

 

အဆိုပါနည်းလမ်းများစွာအနက် အပြောင်းအလဲလမ်းကြောင်းတစ်ခုရှိနေပါသေးသည်။ ယင်းမှာ တပ်မတော်အ နေဖြင့် ဆယ်စုနှစ်များစွာအတွင်း သွေးခွဲအုပ်ချုပ်ရေးကိုပိုအဆင့်မြှင့်ထားသည့် မဟာဗျူဟာများကို ပြန်လည် အ သုံးပြုရန် ကမ်းလှမ်းလာနိုင်သည့် ထပ်မံပေါ်ပေါက်လာမည့်အပစ်အခတ်ရပ်စွဲရေးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက်ကတိကဝတ်များ၏နောက်ကွယ်တွင် တိုင်းရင်းသားများ၏ဒေသများကို ရယူနိုင်ခြင်းဖြစ်ပါသည်။

 

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် ယခုအချိန်တွင် အမျိုးသား အင်အားချိန်ခွင်လျှာမှာ နှစ်ပေါင်းများစွာလက်လွတ်ဆုံးရှုံးနေသည့် တိုင်းရင်းသားလူနည်းစုများ၏လက်တွင် တည်ရှိနေပုံရပါသည်။

 

#PeopleMedia

(unicode)


















































#PeopleMedia


Share this post