• Follow Us on

Home မြန်မာ့အရေး အဖြေရှာမည့် ဆွေးနွေးမှုများပြုလုပ်ရန် ဗီယက်နမ်နိုင်ငံ တောင်းဆို

မြန်မာ့အရေး အဖြေရှာမည့် ဆွေးနွေးမှုများပြုလုပ်ရန် ဗီယက်နမ်နိုင်ငံ တောင်းဆို

Share this post

နိုင်ငံတကာ မတ် ၁၁

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေအပြင် ဒီမိုကရေစီလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေသော မြန်မာပြည် သူများ၏ ဆန္ဒ၊ မျှော်မှန်းချက်များနှင့်အညီ စိတ်ကျေနပ်လောက်ဖွယ်ရာ အဖြေတစ်ခုရှာဖွေမည့် ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများကို ဗီယက်နမ်နိုင်ငံက တောင်းဆိုလိုက်သည်။

မတ်လ ၁၀ ရက်ကပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အစည်းအဝေး၌တက်ရောက်စဉ် ဗီ ယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှု အဆုံးသတ်ရန်၊ အခြေအနေ တည်ငြိမ်စေရန်နှင့် အရပ်သားများ ဘေးအန္တရာယ်ကင်းစေ ရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

အာဆီယံပဋိဉာဉ်စာတမ်း၏ ရည်ရွယ်ချက်များ၊ အခြေခံစည်းမျဉ်းများနှင့်အညီ ကောင်းမွန်သောစိတ်ဖြင့် မြန်မာနိုင်ငံကိုကူညီရန် အာဆီယံအဖွဲ့က ဆန္ဒရှိကြောင်း ၎င်းက ဆိုသည်။

ဗြိတိန်နိုင်ငံက ကမကထပြုလုပ်သည့် အဆိုပါအစည်းအဝေး၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ နိုင်ငံ၌ အကြမ်းဖက်မှုနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း၊ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့် ပြည်သူများ၏ အခြေခံလွတ် လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးအတွက် ပံ့ပိုးကူညီမည်ဟု ပြောကြားခဲ့သည်။

မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ငြိမ်းချမ်းသော ဆွေးနွေးမှုများ၊ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်၏ စေ့စပ်ညှိနှိုင်းရေး အခန်းကဏ္ဍကို ထောက်ခံကြောင်း၊ သက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံရန်နှင့် မကြာမီ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထူးသံတမန် သွားရောက်ရန် ထောက်ခံကြောင်း ကုလသမဂ္ဂ အထူးသံတမန်က ပြောသည်။

–ကိုးကား–ဗွီအန်အေ
Ref; Vietnam calls for dialogue towards satisfactory solution in Myanmar


Share this post