• Follow Us on
Latest News

Home မြို့နယ် ၆ ခုကို စစ်အုပ်ချုပ်ရေး ကြေငြာပြီး Mobile Internet များ ဖြတ်တောက်ခံထားရ

မြို့နယ် ၆ ခုကို စစ်အုပ်ချုပ်ရေး ကြေငြာပြီး Mobile Internet များ ဖြတ်တောက်ခံထားရ

Share this post

ရန်ကုန် ၊ မတ် ၁၅ (PeopleMedia)

ယခု ရက်ပိုင်းအတွင်း ဆန္ဒပြမှုများသည် ပိုမိုပြင်းထန်ကာ အသက်သေဆုံးမှုများ ပိုမိုပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရှိ မြို့နယ် ၆ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာသည့်အပြင် ရန်ကုန်မြို့တွင်း Mobile internet သုံးစွဲမှုကို ဖြတ်တောက်ခံထားရ ကြောင်းသိရသည်။

တပ်မတော် မှ အရေးပေါ်အခြေအနေကြေငြာပြီးနောက် မိုဘိုင်းဖုန်းဆက်သွယ်ရေး စနစ်များအား ဖြတ်တောက်ခြင်း ၊ Mobile internet များ ဖြတ်တောက်ခြင်းရှိခဲ့ပြီး ယခုတွင် ထပ်မံကာ Mobile internet များကို ဒုတိယ အကြိမ် အချိန် ကြာမြင့်စွာဖြတ်တောက်ခြင်းဖြစ်သည်။

ယခင်က အင်တာနက်ဖြတ်တောက်မှုကို မနက် ၁ နာရီမ မနက် ၆ နာရီ အထိ ဖြတ်တောက်ခဲသော်လည်း လက်ရှိတွင် အင်တာနက်ကို အချိန်ပြည့်ဖြတ်တောက်ခံထားရပြီး Fiber Internet ဝန်ဆောင်မှုများသာ ရရှိထားကြောင်း သိရသည်။

လက်ရှိအချိန်အထိ ရန်ကုန်မြို့တွင် ဆန္ဒပြမှုများကြောင့် သေဆုံးသူဦးရေ သည် ၇၀ နီးပါရှိလာပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် သေဆုံးသူဥိးရေ သည် ၁၀၀ ခန့်ရှိကြောင်း သိရသည်။


Share this post