• Follow Us on

Home မြောက်ကိုရီးယားဟက်ကာများက Pfizer ကာကွယ်ဆေး ထုတ်လုပ်ရေးနည်းပညာ ခိုးယူရန် ကြိုးပမ်း

မြောက်ကိုရီးယားဟက်ကာများက Pfizer ကာကွယ်ဆေး ထုတ်လုပ်ရေးနည်းပညာ ခိုးယူရန် ကြိုးပမ်း

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇(PeopleMedia)
မြောက်ကိုရီးယားနိုင်ငံက Pfizer ကုမ္ပဏီအား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေး နည်းပညာရရှိရန် ကြိုးပမ်းခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောသည်။
မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကတည်းက နယ်စပ်ဂိတ်များ ပိတ်ထားခဲ့ပြီး ခေါင်း ဆောင် ကင်ဂျုံအန်က မည်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမျှမရှိကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။
“မြောက်ကိုရီးယားနိုင်ငံက ဟက်ကာတွေက Pfizer ကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ပြီး ကိုဗစ်-၁၉ ကာ ကွယ်ဆေး ထုတ်လုပ်ရေးနဲ့ ကုသရေးနည်းပညာရရှိဖို့ ကြိုးပမ်းခဲ့တယ်လို့ တောင်ကိုရီးယား အမျိုးသားထောက် လှမ်းရေးဌာနက ကျွန်တော်တို့ကို ရှင်းပြခဲ့ပါတယ်” ဟု အတိုက်အခံအဖွဲ့ဝင် ဟာတေးကျောင်က သတင်းထောက် များသို့ ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယားဟက်ကာများက Johnson & Johnson၊ Novavax နှင့် AstraZeneca အပါအဝင် ဆေးဝါးကုမ္ပဏီကိုးခုကျော်၏ ဆိုက်ဘာလုံခြုံရေးစနစ်များကို ထွင်းဖောက်ရန် ကြိုးပမ်း ခဲ့ပြီးနောက် ယခုသတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားဟက်ကာများက နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ပံ့ပိုးရန် ၂၀၂၀ ပြည့်နှစ်အ တွင်း ဝင်ငွေရရှိစေမည့် ငွေကြေးအဖွဲ့အစည်းများနှင့် ငွေလွှဲနေရာများကို ထွင်းဖောက်ရန်ကြိုးပမ်းခဲ့ကြောင်း ကု လသမဂ္ဂက ပြီးခဲ့သောလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်အရ သိရသည်။
အမေရိကန်ဒေါ်လာ သန်း ၃၂၀ နီးပါး ခိုးယူခံခဲ့ရကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ကျောထောက်နောက်ခံပြုသော COVAX အစီအစဉ်အရ ယခုနှစ်ဝက်အတွင်း AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်သည့် ကာကွယ်ဆေး အလုံးရေနှစ်သန်း ရရှိမည်ဖြစ်သည်။
–ကိုးကား–
အယ်လ်ဂျာဇီးယား
Ref; North Korea ‘tried to hack’ Pfizer for COVID-19 vaccine


Share this post