• Follow Us on

Home မွန်ညီညွှတ်ရေးပါတီမှပြည်ထောင်စုကောင်စီအဆင့်နှင့် ပြည်နယ်ကောင်စီအဆင့်ဝင်တို့ စေလွှတ်ရန် ဗဟိုကော်မတီအစည်းအဝေးအတည်ပြု

မွန်ညီညွှတ်ရေးပါတီမှပြည်ထောင်စုကောင်စီအဆင့်နှင့် ပြည်နယ်ကောင်စီအဆင့်ဝင်တို့ စေလွှတ်ရန် ဗဟိုကော်မတီအစည်းအဝေးအတည်ပြု

Share this post

မွန်၊ မတ် – ၁၇ (People Media)

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းချက်အရ မွန်ညီညွတ်ရေးပါတီ အနေဖြင့် ပြည်ထောင်စုကောင်စီအဆင့်နှင့် ပြည်နယ်အဆင့်ကောင်စီဝင်တို့ စေလွှတ်ရန် မတ် ၁၅ ရက်က သံဖြူဇရပ်မြို့တွင် ကျင်းပသည့် မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ထပ်မံအတည်ပြုလိုက်ကြောင်း မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး-၂ ဦးနိုင်စံတင်က ပြောသည်။

“မနေ့က အစည်းအဝေးမှာလည်း CEC ဆုံးဖြတ်ထားတဲ့ လက်ခံတာပါပဲ၊ ကိုယ်စားလှယ်အနေနဲ့နေသွားမယ်၊ သူတို့ပြောထားသလို ရွေးကောက်ပွဲတကယ်လုပ်မှာလား၊ ဖယ်ဒရယ်ပြည်ထောင်စု တကယ်တည်ဆောက်မှာလား၊ အဲ့ဒါတွေဆွေးနွေးကြည့်ချင်လို့ ကိုယ်စားလှယ်လွှတ်တာပါ၊ ကိုယ်စားလှယ်လွှတ်တယ်ဆိုတာ ကျွန်တော်တို့ အဆင်မပြေရင် နှုတ်ထွက်လို့ရတယ်”ဟု ၎င်းကပြောသည်။

အစည်းအဝေးအဆုံးဖြတ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မွန်ညီညွှတ်ရေးပါတီမှ အလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးကို တာဝန်ပေးအပ်ထားပြီး မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် နေရာအတွက် မွန်ညီညွှတ်ရေးပါတီ အတွင်းရေးမှူး-၁ နိုင်လယိတမကို တာဝန်ပေးထားကြောင်း သိရသည်။

အခုသူတို့ အာဏာထိန်းပြီး၊ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြန်လုပ်မှာတွေ၊ တနိုင်ငံလုံး ငြိမ်းချမ်းရေးရအောင် လုပ်တာတွေ အဲ့ဒါတွေကို စောင့်ကြည့်ဖို့ ကိုယ့်လူကိုယ်တိုင် အဲ့ဒီအထဲမှာ ပါဝင်ဆွေးနွေးဖို့လိုတယ်လေ၊ ကိုယ်ကဘာမှ မတင်ပြဘဲ အပြင်မှာအော်နေလို့ မရဘူးလေဟု မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး-၂ ဦးနိုင်စံတင်က ပြောသည်။

အဆိုပါ အစည်းအဝေးတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် အစည်းအဝေး တက်ရောက်သူ ဗဟိုကော်မတီဝင် ၉၀ ဦးတွင် ထောက်ခံသူ ၆၀ ဦးမှာ ထောက်ခံသည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ
ပါဝင်ရန် ထပ်မံသဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PeopleMedia


Share this post