• Follow Us on

Home မန္တလေးတိုင်းဒေသကြီး ပုလဲပရဟိတဖောင်ဒေးရှင်းမှ ပြည်သူများအတွက် အောက်စီဂျင်အိုးအသစ် သိန်းတစ်ထောင်ဖိုး ဝယ်ယူလှူဒါန်းမှု ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး ပုလဲပရဟိတဖောင်ဒေးရှင်းမှ ပြည်သူများအတွက် အောက်စီဂျင်အိုးအသစ် သိန်းတစ်ထောင်ဖိုး ဝယ်ယူလှူဒါန်းမှု ပြုလုပ်မည်

Share this post

နေပြည်တော်၊ ဇူလိုင် – ၁၄ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ပုလဲပရဟိတဖောင်ဒေးရှင်း(ရုံးချုပ်)မှ ပြည်သူများ အတွက် လာမည့်ရက်တွင် အောက်စီဂျင်အိုးအသစ် သိန်းတစ်ထောင်ဖိုးဝယ်ထားတယ်လို့ ပုလဲဆရာတော် ဘဒ္ဒန္တ ပညာဝံသက People Media ကို မိန့်ကြားပါတယ်။

 

“အိုးအသစ်တွေ သိန်းတစ်ထောင်ဖိုး ဝယ်ထားတယ်၊ ၂၁ ရက်၊ ၂၅ ရက်ရောက်မယ်” လို့ ပုလဲဆရာတော်မှ မိန့်ပါတယ်။

 

လက်ရှိ မန္တလေးတိုင်းဒေသကြီးမှာ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်ရောဂါ ခံစားနေရသော လူနာများ အတွက် ပုလဲပရဟိတဖောင်ဒေးရှင်း(ရုံးချုပ်) အနေဖြင့်လည်း နေ့စဉ်အောက်စီဂျင် လှူဒါန်းမှုများကို ပြု လုပ်ပေးလျက်ရှိတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။

 

“ခုလက်ရှိမှာ လူတစ်ယောက်ကို ၁၀ လီတာ၊ ၁၅ လီတာနဲ့ ပေးနေကြောင်းလည်း မိန့်ပါတယ်” လို့ ပုလဲ ဆရာတော်မှ မိန့်ပါတယ်။

 

အထက်ပါ အောက်စီဂျင်အိုးလှူဒါန်းမှုကို လာမည့်ရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင် မြေမြို့နယ်ပုလဲပရဟိတဖောင်ဒေးရှင်း(ရုံးချုပ်) မဟာမင်းထက်တိုက်၊ မိုးကုတ်ရိပ်သာကျောင်းချမ်း/မြောက် သီတာလမ်း (၉၀၁) ရပ်ကွက် ၇၈ လမ်း၊ အမှတ် (၁၁) ရဲစခန်းတောင်ဘက် ပညာပျိုးခင်းမှတ်တိုင်အနီးတွင် လှူဒါန်းမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

 

#PeopleMedia #အောက်စီဂျင် #ပုလဲပရဟိတဖောင်ဒေးရှင်း

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post