• Follow Us on

Home မႏၱေလးတုိင္း NLD အမတ္ ပါတီတာဝန္ အသီးသီး ႐ုတ္သိမ္းခံရ

မႏၱေလးတုိင္း NLD အမတ္ ပါတီတာဝန္ အသီးသီး ႐ုတ္သိမ္းခံရ

Share this post

မႏၱေလး၊ ဒီဇင္ဘာ – ၆

ပုသိမ္ႀကီးၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၂)မွ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲမင္းဦးကို ပါတီတာဝန္အသီးသီးမွ ႐ုတ္သိမ္းလိုက္ေၾကာင္းသိရသည္။

လႊတ္ေတာ္ကိုယ္စားလွယ္တိုင္ၾကားစာဌာန၏ သုံးသပ္တင္ျပခ်က္အရ တိုင္ၾကားခံရသူ ပုသိမ္ႀကီးၿမိဳ႕နယ္ မဲဆႏၵ နယ္အမွတ္(၂)မွ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲမင္းဦးကို ႏိုဝင္ဘာ ၂၃ ရက္တြင္ ျပဳ လုပ္သည့္ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၏ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ပါတီတာဝန္အသီးသီးမွ ႐ုတ္သိမ္းလိုက္ျခင္းျဖစ္သည္။

ထိုသို႔ ပါတီတာဝန္အသီးသီးကို ႐ုတ္သိမ္းလိုက္ျခင္းသည္ ပါတီစည္းကမ္းထိန္းသိမ္းေရး လုပ္ထုံးလုပ္နည္းမ်ား ႏွင့္အညီ အေရးယူေဆာင္ရြက္ျခင္းျဖစ္ေၾကာင္းသိရသည္။

“ဆက္ဆံေရးအပိုင္းေတြေၾကာင့္ပါ။ အေသးစိပ္ေတာ့ ေျပာလို႔မရပါဘူး”ဟု NLD ပါတီ၏ ေျပာဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးညႊန္႔ကေျပာသည္။

ထိုသို႔ပါတီမွ အေရးယူခံလိုက္ရျခင္းႏွင့္ပတ္သက္၍ ဦးရဲမင္းဦးအေနျဖင့္ ျပန္လည္ေျဖရွင္းေျပာၾကားတာေတြ လည္း မျပဳလုပ္ေသးေပ။

#PeopleMedia

(Unicode)
မန္တလေးတိုင်း NLD အမတ် ပါတီတာဝန် အသီးသီး ရုတ်သိမ်းခံရ
………………………………………………………………

မန္တလေး၊ ဒီဇင်ဘာ – ၆

ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးကို ပါတီတာဝန်အသီးသီးမှ ရုတ်သိမ်းလိုက်ကြောင်းသိရသည်။

လွှတ်တော်ကိုယ်စားလှယ်တိုင်ကြားစာဌာန၏ သုံးသပ်တင်ပြချက်အရ တိုင်ကြားခံရသူ ပုသိမ်ကြီးမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးကို နိုဝင်ဘာ ၂၃ ရက်တွင် ပြု လုပ်သည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီတာဝန်အသီးသီးမှ ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

ထိုသို့ ပါတီတာဝန်အသီးသီးကို ရုတ်သိမ်းလိုက်ခြင်းသည် ပါတီစည်းကမ်းထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

“ဆက်ဆံရေးအပိုင်းတွေကြောင့်ပါ။ အသေးစိပ်တော့ ပြောလို့မရပါဘူး”ဟု NLD ပါတီ၏ ပြောဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကပြောသည်။

ထိုသို့ပါတီမှ အရေးယူခံလိုက်ရခြင်းနှင့်ပတ်သက်၍ ဦးရဲမင်းဦးအနေဖြင့် ပြန်လည်ဖြေရှင်းပြောကြားတာတွေ လည်း မပြုလုပ်သေးပေ။

#PeopleMedia

 


Share this post