• Follow Us on
Latest News

Home မန္တလေးမြို့၌ ကပ္ပိယတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ကုတင် ၃၀၀ ဆေးရုံသူနာပြုဆရာမနှင့် ၎င်း၏ အမျိုးသားတို့ကို လုပ်ကြံခဲ့သည့်အဖွဲ့၏ နေအိမ် ရှင်းလင်းခံရပြီး အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ၈ ဦး အသေနှင့် တစ်ဦး အရှင် ဖမ်းဆီးခံရ

မန္တလေးမြို့၌ ကပ္ပိယတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ကုတင် ၃၀၀ ဆေးရုံသူနာပြုဆရာမနှင့် ၎င်း၏ အမျိုးသားတို့ကို လုပ်ကြံခဲ့သည့်အဖွဲ့၏ နေအိမ် ရှင်းလင်းခံရပြီး အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ၈ ဦး အသေနှင့် တစ်ဦး အရှင် ဖမ်းဆီးခံရ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၃ (People Media)

 

ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့၌ ကပ္ပိယတစ်ဦး၊ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ကုတင် ၃၀၀ ဆေးရုံ သူနာပြုဆရာမနှင့် ၎င်း၏ အမျိုးသားတို့ကို လုပ်ကြံခဲ့သည့်အဖွဲ့၏ နေအိမ်ရှင်းလင်းခံရပြီးနောက် အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ၈ ဦး အသေနှင့် တစ်ဦး အရှင်ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

 

အဆိုပါ လုပ်ကြံသတ်ဖြတ်မှု၌ ပါဝင်သူတစ်ဦး ဖမ်းဆီးခံရပြီးနောက် ၎င်းက အဖွဲ့ဝင်များသည် မဟာအောင်မြေ မြို့နယ်၊ သံလျှပ်မှော်အနောက်ရပ်ကွက်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ နေအိမ်တစ်အိမ်ကို သွား ရောက်လုပ်ကြံနေကြောင်း ပြောဆိုခဲ့သည်။

 

အဆိုပါ နေအိမ်၌ လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင် ၇ ဦး အသေဖမ်းဆီး ခံခဲ့ရသလို ၎င်းတို့ ကိုင်ဆောင်သည့် ပစ္စတို၊ လက်လုပ်မိုင်းအပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးခံခဲ့ရသလို လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

 

ထိုနောက် ဖမ်းဆီးခံရသူ၏ ပြောဆိုချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၇ လမ်း၊ ၅၁ လမ်းနှင့် ၅၂ လမ်းကြားရှိ နေအိမ်ကို လုံခြုံရေးအဖွဲ့များက သွားရောက်ဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင် တစ်ဦး အသေဖမ်းဆီးခံရပါတယ်။

 

#PeopleMedia #မန်းPDF

 

(unicode)


……………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၁၃ (People Media)

 


 


 


 


 



Share this post