• Follow Us on

Home မန္တလေးမြို့၌ ဓါတ်တိုင်ပေါ်တက်၍ ကေဘယ်ကြိုးတက်ဖြုတ်သည့် အရပ်သား အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံး

မန္တလေးမြို့၌ ဓါတ်တိုင်ပေါ်တက်၍ ကေဘယ်ကြိုးတက်ဖြုတ်သည့် အရပ်သား အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံး

Share this post

မန္တလေး၊ နိုဝင်ဘာ ၁၁ (People Media)

 

မန္တလေးတိုင်းဒေကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်၊ ၁၂၆ (အေ) လမ်း၊ ၆၂ နှင့် ၆၃ လမ်းရှိ ဓါတ်တိုင် ပေါ်တက်၍ ကေဘယ်ကြိုးတက်ဖြုတ်သည့် အမျိုးသားတစ်ဦးသည် ဓါတ်လိုက်၍ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးသည် ဓါတ်တိုင်ပေါ်တက်ပြီး ကေဘယ်ကြိုးကို ဖြုတ်ယူရန် ကြိုးစားရာ၌ ဓါတ်လိုက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

 

ဓါတ်တိုင်ပေါ်တက်၍ ကေဘယ်ကြိုးဖြုတ်ရန် ကြိုးစားခဲ့သည့် အမျိုးသားသည် သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီး ဌာနမှမဟုက်ဘဲ အရပ်သားတစ်ဦး ဖြစ်ပါတယ်။

 

“ကျွန်တော်တို့ ရောက်တော့ သူကကုန်းကုန်းကြီး ဖြစ်နေတယ်။ တတ်ဖြုတ်တဲ့သူက ဘယ်သူဘယ်ဝါဆိုတာ မသိဘူး။ သူယူလာတာက ပလာယာရယ်၊ လက်အိတ်ရယ်၊ ပီနံအိတ်တစ်လုံးတို့ပါတယ်” လို့ ရွှေမဉ္ဇူအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဓါတ်လိုက်၍ သေဆုံးခဲ့သည် အမျိုးသားမှာ မည်သူဖြစ်ကြောင်း သိရှိရခြင်းမရှိသေးဘဲ ထိုပိုင်ရှင်မဲ့အလောင်း သက်ဆိုင်ရာက ပိုင်ရှင်မဲ့အလောင်းအဖြစ် သတ်မှတ်ပြီး သဂြိုဟ်လိုက်ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #ပြည်ကြီးတံခွန်မြို့နယ် #ဓာတ်လိုက်သေဆုံး

 

(unicode)

မန်တလေးမွို့၌ ဓါတျတိုငျပေါျတကျ၍ ကဘေယျကွိုးတကျဖွုတျသည့ျ အရပျသား အမြိုးသားတဈဦး ဓါတျလိုကျ သဆေုံး

………………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၁၁ (People Media)

 


 


 


 


 


 

Photo – Credit

 



Share this post