• Follow Us on
Latest News

Home မန္တလေးမြို့၌ လက်လုပ်မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသားတစ်ဦး ပေါက်ကွဲမှုဖြစ်ပွား၍ ပြင်းထန်ဒဏ်ရာရရှိ

မန္တလေးမြို့၌ လက်လုပ်မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသားတစ်ဦး ပေါက်ကွဲမှုဖြစ်ပွား၍ ပြင်းထန်ဒဏ်ရာရရှိ

Share this post

မန္တလေး၊ ဇန်နဝါရီ ၃၁ (People Media)

 

ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ အမျိုးသားတစ်ဦးသည် လက်လုပ်မိုင်း ထောင်ရန် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ဆိုင်ကယ်အတွင်း၌ ထည့်သွင်းလာသော လက်လုပ်မိုင်းပေါက်ကွဲခဲ့၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့၊ နံနက် ၅း၃၀ အချိန်က အောင်မြေသာစံမြို့နယ်နေ ဦးချစ်ဇော် ၃၀ နှစ်သည် M DY69 w12977 စကူပီအမျိုးစားအနက်ရောင်ဆိုင်ကယ်အတွင်း လက်လုပ်မိုင်းထည့်သွင်းသယ်ဆောင်မောင်း နှင်လာစဉ် ၂၆ လမ်း၊ ၆၃ လမ်းအရောက်တွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ အခြေအနေကတော့ စိုးရိမ်ရပါတယ်။ လောလောဆယ်တော့ သူ့ကို မန္တလေး ဆေးရုံကြီးကိုတော့ ပို့ထားတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းတစ်ခုက ပြောသည်။

 

အလားတူ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ၌ ဒေသခံ PDF အဖွဲ့ များသည် လက်လုပ်မိုင်းပြုလုပ်စဉ်၊ မိုင်းထောင်နေစဉ်၊ မိုင်းသယ်ဆောင်စဉ် ပေါက်ကွဲမှုဖြစ်၍ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

#PeopleMedia #မန္တလေး #လက်လုပ်မိုင်း

 

(unicode)


………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၃၁ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေး #လကျလုပျမိုငျး


Share this post