• Follow Us on

Home မန္တလေးမြို့၌ အများပြည်သူ အသုံးပြုသည့်လမ်းမများ၌ ဗုံးထောင်သည့် Mandaly Ranger Force(PDF) အဖွဲ့ ဝင် နှစ်ဦးနှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီး အဆိုပါ PDF နှစ်ယောက်သေ

မန္တလေးမြို့၌ အများပြည်သူ အသုံးပြုသည့်လမ်းမများ၌ ဗုံးထောင်သည့် Mandaly Ranger Force(PDF) အဖွဲ့ ဝင် နှစ်ဦးနှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီး အဆိုပါ PDF နှစ်ယောက်သေ

Share this post

မန္တလေး၊ မတ် ၁၅

 

မတ်လ ၁၄ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သိပ္ပံလမ်းနှင့် ၇၈ လမ်းအနီးရှိ အများပြည်သူ လမ်းမများ၌ မိုင်းထောင်သည့် Mandaly Ranger Force(PDF) အဖွဲ့ဝင်နှစ်ဦးနှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အ လှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီး အဆိုပါ PDF နှစ်ယောက်သေဆုံးခဲ့သည်။

 

“ဒီကောင်တွေက အများပြည်သူလမ်းမတွေမှာ မိုင်းထောင်တဲ့ကောင်တွေ။ အခုထိ ဘယ်သူမှ အလောင်းလာ မကောက်သေးဘူး။ အပြန်အလှန် ပစ်ခတ်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးမြို့ရှိ ပညာရေး၊ ကျန်းမာရေး အပါအဝင် အများနှင့် သက်ဆိုင်သည့် နေရာများတွင် NUG/PDF အဖွဲ့ဝင်များက မိုင်းထောင် မိုင်းခွဲခြင်းများ ပြုလုပ်ခဲ့သည်။

 

ထို့အတူ လာမည့် မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့် တပ်မတော်နေ့၌ NUG/PDF အဖွဲ့ဝင်များသည် ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးအပါအဝင် အများနှင့် သက်ဆိုင်သည့်နေရာများကို အကြမ်းဖက်ရန် ပြင် ဆင်နေကြောင်း NUG/PDF အဖွဲ့ဝင်များက လူမှုကွန်ရက်၌ ရေးသားလျက်ရှိနေသည်။

 

#PeopleMedia

 

(unicode)


………………………………..

 

မန်တလေး၊ မတျ ၁၅

 


 


 


 


 

#PeopleMedia


Share this post