• Follow Us on
Latest News

Home မန္တလေးမြို့၌ PDF အဖွဲ့ဝင်ဖြစ်သူ၏ မိခင်ကို ဖမ်းဆီးခြင်းသည် ၎င်း၏ နေအိမ်၌ လက်လုပ်မိုင်းများနှင့် ဖောက်ခွဲ ရေးပစ္စည်းများ တွေ့ရှိခဲ့ခြင်းကြောင့်ဟု တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး ပြောဆို

မန္တလေးမြို့၌ PDF အဖွဲ့ဝင်ဖြစ်သူ၏ မိခင်ကို ဖမ်းဆီးခြင်းသည် ၎င်း၏ နေအိမ်၌ လက်လုပ်မိုင်းများနှင့် ဖောက်ခွဲ ရေးပစ္စည်းများ တွေ့ရှိခဲ့ခြင်းကြောင့်ဟု တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး ပြောဆို

Share this post

မန္တလေး၊ နိုဝင်ဘာ ၂၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ PDF အဖွဲ့ဝင် အင်ဂျင်နီယာကျောင်းသား ကိုဟိန်းထက်၏ မိခင်ကို ဖမ်းဆီးခဲ့ခြင်းသည် ၎င်း၏ နေအိမ်၌ လက်လုပ်မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းက လုံခြုံရေးအဖွဲ့များသည် ချမ်းမြသာစည်မြို့နယ်ရှိ အင်ဂျင်နီယာကျောင်းသား ကိုဟိန်း ထက်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ၌ လက်လုပ်မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“PDF အဖွဲ့ဝင်ရဲ့ မိခင်ဖြစ်လို့ ဖမ်းရမယ်ဆိုရင် ဖမ်းစရာတွေက အများကြီးပါ။ အချို့က သားသမီးတွေက PDF တွေထဲမှာ ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ နေအိမ်တွေမှာ ဒီလိုလုပ်ငန်းတွေနဲ့ မသက်ဆိုင်တော့ သူတို့ကို အရေးယူ ခြင်းမရှိပါဘူး။ သက်ဆိုင်လို့ သက်ဆိုင်သူတွေသာ အရေးယူတာ” လို့ တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ကိုဟိန်းထက်၏ မိခင်သည် မတော်တဆမှုဖြစ်စဉ်ကြောင့် ခြေထောက်တစ်ဖက်မသန်သူတစ်ဦးဖြစ်ပြီး နေအိမ်၌ ကုန်စုံဆိုင် ဖွင့်လှစ်ပြီး ဈေးရောင်းချသူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိအချိန်၌ PDF အဖွဲ့ဝင် အင်ဂျင်နီယာကျောင်းသား ကိုဟိန်းထက်၏ နေအိမ်ကို သက်ဆိုင်ရာက ချိပ် ပိတ်ထားကြောင်း သိရပါတယ်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ People Media က အင်ဂျင်နီယာကျောင်းသား ကိုဟိန်းထက်နှင့် နီးစပ်သူများထံ ဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါဘူး။

 

#PeopleMedia #PDFအဖွဲ့ဝင်အင်ဂျင်နီယာကျောင်းသားကိုဟိန်းထက်

 

(unicode)


……………………………………………………….

 

မန်တလေး၊ နိုဝငျဘာ ၂၇ (People Media)

 


 


 


 


 


 


 



Share this post