• Follow Us on

Home မန္တလေး-မုံရွာ ကားလမ်း၌ လုံခြုံရေးယာဉ်တန်းများကို တိုက်ခိုက်ရန် ထောင်ထားသည့် လက်လုပ်ရှော့တိုက် မိုင်း ၈ လုံး တွေ့ရှိ

မန္တလေး-မုံရွာ ကားလမ်း၌ လုံခြုံရေးယာဉ်တန်းများကို တိုက်ခိုက်ရန် ထောင်ထားသည့် လက်လုပ်ရှော့တိုက် မိုင်း ၈ လုံး တွေ့ရှိ

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၂၅ (People Media)

 

နိုဝင်ဘာ ၂၄ ရက်နေ့က မန္တလေး-မုံရွာ ကားလမ်း၌ လုံခြုံရေးယာဉ်တန်းများကို တိုက်ခိုက်ရန် PDF အဖွဲ့များမှ ထောင်ထားသည့် လက်လုပ်ရှော့တိုက်မိုင်း ၈ လုံး တွေ့ရှိခဲ့၍ လုံခြုံရေးအဖွဲ့များက ရှင်းလင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက People Media ကို ပြောပါတယ်။

 

အဆိုပါ ရှော့တိုက်မိုင်းများကို ကားအင်ဂျင်၏ စလစ်အိုးများနှင့် ပြုလုပ်ထားပြီး ပေါက်ကွဲမှု ပြင်းထန်စေရန် ဆောင်ရွက်ထားသည့် လက်လုပ်ရှော့တိုက်မိုင်းများ ဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ ရှော့တိုက်မိုင်းများကြောင့် နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက မန္တလေး-မုံရွာ ကားလမ်း၊ စစ်ကိုင်း မြို့နယ်အတွင်း၌ ယာဉ်အသွားအလာကို သက်ဆိုင်ရာက ယာယီပိတ်လိုက်ပါတယ်။

 

သက်ဆိုင်ရာက မိုင်းရှင်းလင်းရေးဆောင်ရွက်ရာ၌ လက်လုပ်ရှော့တိုင်မိုင်း ၈ လုံးကို စစ်ကိုင်းမြို့နယ် ရွာသစ် ကြီးကျေးရွာနှင့် နတ်ခရိုင်ကျေးရွာကြား၌ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

တွေ့ရှိခဲ့သည့် လက်လုပ်ရှော့တိုက်မိုင်း ၈ လုံးကို လုံခြုံရေးအဖွဲ့များက သက်မဲ့ပြုလုပ်ပြီး ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

 

#PeopleMedia #မန္တလေးမုံရွာကားလမ်း

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia #မန်တလေးမုံရှာကားလမျး


Share this post