• Follow Us on

Home မႏၱေလး-အိႏိၵယ(အင္ဖာ) ဘတ္စ္ကားလိုင္း ေျပးဆဲြရန္အတြက္ M၀U ေရးထိုး

မႏၱေလး-အိႏိၵယ(အင္ဖာ) ဘတ္စ္ကားလိုင္း ေျပးဆဲြရန္အတြက္ M၀U ေရးထိုး

Share this post

မႏၱေလး၊ ေဖေဖာ္၀ါရီ – ၁၄

မႏၱေလး-အိႏိၵယ(အင္ဖာ) ဘတ္စ္ကားလိုင္းေျပးဆဲြရန္အတြက္ M၀U ေရးထိုးျခင္းကို ေဖေဖာ္၀ါရီလ ၁၄ ရက္ နံနက္ ၁၁ နာရီက မႏၱေလးၿမိဳ႕ရွိ အိႏိၵယေကာင္စစ္၀န္႐ုံးတြင္ ျပဳလုပ္သည္။

ျမန္မာနိုင္ငံနွင့္ အိႏိၵယနိုင္ငံ နွစ္နိုင္ငံ ခရီးသြားက႑ ဖြံ႕ၿဖိဳးတိုးတက္လာေစရန္အတြက္ ျမန္မာနိုင္ငံဘက္မွ Shwe Mandalar Express Co., Ltd နွင့္ အိႏိၵယႏုိင္ငံဘက္မွ Seven Sister Holidays Co .,Ltd တို႔က MoU လက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္ၿပီး လာမည့္ ဧၿပီလ ၇ ရက္ေန႔တြင္ စတင္ေျပးဆဲြသြားမည္ျဖစ္သည္။

“ကၽြန္္ေတာ္တို႔ တစ္နွစ္ေက်ာ္ေလာက္ရွိၿပီး ေျပးဆဲြဖို႔အတြက္ ဟိုဘက္နိုင္ငံဒီဘက္နိုင္ငံ ညိွနိႈင္းခဲ႔တာအခု M၀U ထိုးႏုိင္ပါၿပီ။ ေျပးဆဲြဖို႔လည္း အဆင္႔သင့္ျဖစ္ေနပါၿပီ” ဟု Shwe Mandalar Express ကုမၸဏီမွ မန္ေနဂ်င္း ဒါရိုက္တာဦးေနလင္းဦးကေျပာသည္။

အိႏၵိယခရီးသြားမ်ား ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ျခင္းက ပိုမိုမ်ားႏိုင္ေၾကာင္းႏွင့္ ခရီးသြားမ်ား လည္ပတ္ ရာတြင္ အဆင္ေျပေစရန္လည္း စီစဥ္ေဆာင္ရြက္ေပးမွာျဖစ္သလို ခရီးစဥ္တစ္ေလ်ွာက္ ခရီးသည္မ်ား နားေန စားေသာက္ရန္အတြက္လည္း စီမံထားၿပီး လတ္တေလာတြင္ ယာဥ္စီးခႏႈန္းထားမ်ား မသတ္မွတ္ရေသး ေၾကာင္းသ္ိရသည္။

#PeopleMedia

(Unicode)
မန္တလေး-အိန္ဒိယ(အင်ဖာ) ဘတ်စ်ကားလိုင်း ပြေးဆွဲရန်အတွက် MဝU ရေးထိုး
…………………………………………………………

မန္တလေး၊ ဖေဖော်ဝါရီ – ၁၄

မန္တလေး-အိန္ဒိယ(အင်ဖာ) ဘတ်စ်ကားလိုင်းပြေးဆွဲရန်အတွက် MဝU ရေးထိုးခြင်းကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးတွင် ပြုလုပ်သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံဘက်မှ Shwe Mandalar Express Co., Ltd နှင့် အိန္ဒိယနိုင်ငံဘက်မှ Seven Sister Holidays Co .,Ltd တို့က MoU လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး လာမည့် ဧပြီလ ၇ ရက်နေ့တွင် စတင်ပြေးဆွဲသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ တစ်နှစ်ကျော်လောက်ရှိပြီး ပြေးဆွဲဖို့အတွက် ဟိုဘက်နိုင်ငံဒီဘက်နိုင်ငံ ညှိနှိုင်းခဲ့တာအခု MဝU ထိုးနိုင်ပါပြီ။ ပြေးဆွဲဖို့လည်း အဆင့်သင့်ဖြစ်နေပါပြီ” ဟု Shwe Mandalar Express ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဦးနေလင်းဦးကပြောသည်။

အိန္ဒိယခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခြင်းက ပိုမိုများနိုင်ကြောင်းနှင့် ခရီးသွားများ လည်ပတ် ရာတွင် အဆင်ပြေစေရန်လည်း စီစဉ်ဆောင်ရွက်ပေးမှာဖြစ်သလို ခရီးစဉ်တစ်လျှောက် ခရီးသည်များ နားနေ စားသောက်ရန်အတွက်လည်း စီမံထားပြီး လတ်တလောတွင် ယာဉ်စီးခနှုန်းထားများ မသတ်မှတ်ရသေး ကြောင်းသ်ိရသည်။

#PeopleMedia


Share this post