• Follow Us on

Home မန္တလေး အိုးဘိုထောင် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး တာဝန်ရှိသူ သုံးဦး ထိခိုက်ဒဏ်ရာရရှိ၊ ပစ်ခတ်သူ ဖမ်း ဆီးနိုင်ခြင်း မရှိ

မန္တလေး အိုးဘိုထောင် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး တာဝန်ရှိသူ သုံးဦး ထိခိုက်ဒဏ်ရာရရှိ၊ ပစ်ခတ်သူ ဖမ်း ဆီးနိုင်ခြင်း မရှိ

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၇ (People Media)

 

ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုထောင် အုတ်တံတိုင်းအနီးရှိ လုံခြုံရေးရဲကင်းသည် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး တာဝန်ရှိသူ သုံးဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်သူ ကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဆိုသည်။

 

“သုံးဦး ဗုံးစထိမှန်ဒဏ်ရာရသွားပါတယ်။ ပြင်းပြင်းထန်ထန် မဖြစ်ပါဘူး” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်အချို့ အခြေခံပညာရေးကျောင်းအချို့၌ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

 

ထို့အတူ မန္တလေးမြို့ပေါ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးရုံးများ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသလို အုပ်ချုပ်ရေး အဖွဲ့ဝင်များလည်း လုပ်ကြံခံရ၍ သေဆုံးလျက်ရှိသည်။

 

Photo – Credit (ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #အိုးဘိုထောင်

 

(unicode)


………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၁၇ (People Media)

 


 


 


 


 


 



Share this post