• Follow Us on

Home မန္တလေးတက္ကသိုလ်ဝန်းအတွင်း Food Court ဆောက်လုပ်မှုနှင့် ပတ်သက်၍ ကျောင်းသားသမဂ္ဂအဖွဲ့များက ဆန္ဒပြကန့်ကွက်

မန္တလေးတက္ကသိုလ်ဝန်းအတွင်း Food Court ဆောက်လုပ်မှုနှင့် ပတ်သက်၍ ကျောင်းသားသမဂ္ဂအဖွဲ့များက ဆန္ဒပြကန့်ကွက်

Share this post

အောင်အောင်

မန္တလေး၊ စက်တင်ဘာ ၂

မန္တလေးတက္ကသိုလ်ဝန်းအတွင်း Food Courts တည်ဆောက်ခဲ့ခြင်း အတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စိစစ်အရေးယူပေးရန်အတွက် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ စက်တင်ဘာလ (၂) ရက် နံနက် ၁၀ နာရီက မန္တလေး တက္ကသိုလ်ပင်မဆောင်ရှေ့တွင် ဆန္ဒပြကန့်ကွက်ခဲ့သည်။

” အခုကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးကို တင်ပြပေးထားပေမယ့်ဝန်ကြီး အနေနဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ များ ဖွဲ့စည်းပြီး ပြုလုပ်ပေးမယ် ဆိုပေမယ့် အခုဆိုရင် တစ်လကျော် ကြာတာတောင် ဘာမှမလုပ်လို့ အခုလို ဆောင်ရွက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ညှိနှိုင်းတဲ့အခါမှာ
ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တွေနဲ့တင်မပြီးပါဘူး။ ဝန်ကြီးနဲ့သာ ညှိနှိုင်း ချင်တာပါ။ တရားမျှ တတဲ့ စုံစမ်းစမ်းစစ်ဆေးမှုမရမချင်း သပိတ်မှောက် ပြီး ဆန္ဒပြ တောင်းဆိုသွားမှာပါ “ဟု မန္တလေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂအဖွဲ့ချုပ် မှ ဥက္ကဌကိုဝေယံထက် ကပြောသည်။

မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လကတည်းက ဆောက်လုပ်ခြင်းဖြစ်ပြီး ထိုစဉ်ကပင် ကန့်ကွက်မှုများ ပြုလုပ်နေသော်လည်း ယခုအခါတွင် တည်ဆောက် ပြီးစီးနေပြီဖြစ်သည်။

“အခုလို ကျောင်းသားများ တောင်းဆိုနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး ဌာနကို တင်ပြပေးသွားမှာဖြစ်ပြီး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်” ဟု မန္တလေးတက္ကသိုလ်ဒု/ပါမောက္ခ ချုပ်ဒေါက်တာတင်ထွန်းအောင် ကပြောသည်။

ထိုသို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့များကလက်ရှိ လုပ်ဆောင်နေမှုနှင့်ပတ်သက်ပြီး မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေး အရေးယူပေးရေး၊ ပညာရေးဝန်ကြီးဌာနရဲ့ ဘက် လိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အယုံအကြည်မရှိ၊ မန္တလေးတက္ကသိုလ် ကို အသုံးချပြီး ကိုယ်ကျိုးရှာမှု၊ နိုင်ငံတော်သမ္မတ ညွန်ကြားချက်နဲ့ တည် ဆဲဥပဒေကို ဖောက်ဖျက်လုပ်ဆောင်မှုတို့ကို စိစစ်အရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်း ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာစွာချပြရေး ဆိုသည့် စာသားများပါသည့် ဂျပ်စက္ကူ များကို ကိုင်ဆောင်ပြီး တောင်း ဆိုခဲ့ကြသည်။


Share this post