• Follow Us on
Latest News

Home မန္တလေးတိုင်းအတွင်း စီမံအုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် တိုင်းအစိုးရမှ စက်သုံးဆီအလှူခံ

မန္တလေးတိုင်းအတွင်း စီမံအုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် တိုင်းအစိုးရမှ စက်သုံးဆီအလှူခံ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁ (People Media)

 

မန္တလေးတိုင်းဒေသကြီးအတွင်း၌ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်သုံးဆီများကို မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်သုံးဆီကုမ္ပဏီများထံ အလှူခံထားကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် မန္တလေး တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ လမ်းညွန်မေတ္တာရပ်ခံချက်အရ ရွှေကြက်ယက်ဆိပ်ကမ်းကို အခြေပြုပြီး စက်သုံးဆီလုပ်ငန်း လုပ်ကိုင်လျှက်ရှိကြသော ကုမ္ပဏီများ လုပ်ငန်းရှင်များအား စေတနာတက်အား သရွေ့ စက်သုံးဆီ(ဒီဇယ်ဆီ) လှူဒါန်းပေးပါ မေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလှူခံထားသည့် ကုမ္ပဏီ ၁၂ ခုတွင် Max၊ Denko၊ BOC စသည့် ကုမ္ပဏီ ကြီးများလည်း ပါဝင်ခဲ့သည်။

 

#PeopleMedia #မန်းအစိုးရအဖွဲ့ #စက်သုံးဆီ

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post