• Follow Us on

Home မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့သည့် လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်

မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့သည့် လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆ (People Media)

 

မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိ ရှိရသည်။

 

အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲကို အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန် အောင်မြင်ခန်းမ၌ပြုလုပ်ခဲ့ပြီး ယင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြကြောင်း ဖော်ပြပါရှိသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးမှ စက်တင်ဘာလအတွင်း မူးယစ်ဆေးဝါးများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် သိမ်းဆည်းထားသည့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ပူး ပေါင်းပါဝင်ဖော်ထုတ် ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

အလားတူ အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ထူးချွန်စွာတာဝန်ထမ်း ဆောင်ခဲ့သည့် ထူးချွန်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းစစ်ဌာန ချုပ်တို့မှ သိန်း ၇၀ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

#PeopleMedia #မန္တလေး #ရဲတပ်ဖွဲ့ #ဆုချီးမြှင့်

 

(unicode)


……………………………………………………………………

 


 


 


 


 


 

#PeopleMedia #မန်တလေး #ရဲတပျဖှဲ့ #ဆုခြီးမွှင့ျ


Share this post