• Follow Us on

Home မႏၲေလးတိုင္းေဒသႀကီးအတြင္း လူစုလူေဝးျဖစ္ေပၚနိုင္သည့္ နိုက္ကလပ္၊ KTV မ်ားအား ယာယီပိတ္သိမ္း ထားရန္ႏွင့္ ပိတ္သိမ္းျခင္းမျပဳပါက တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ဟု တိုင္းအစိုးရ ထုတ္ျပန္

မႏၲေလးတိုင္းေဒသႀကီးအတြင္း လူစုလူေဝးျဖစ္ေပၚနိုင္သည့္ နိုက္ကလပ္၊ KTV မ်ားအား ယာယီပိတ္သိမ္း ထားရန္ႏွင့္ ပိတ္သိမ္းျခင္းမျပဳပါက တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ဟု တိုင္းအစိုးရ ထုတ္ျပန္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မႏၲေလးတိုင္းေဒသႀကီးအတြင္း လူစုလူေဝးျဖစ္ေပၚနိုင္သည့္ နိုက္ကလပ္၊ KTV မ်ားအား ယာယီပိတ္သိမ္း ထားရန္ႏွင့္ ပိတ္သိမ္းျခင္းမျပဳပါက တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း ဒီဇင္ဘာ ၁၆ ရက္ နံနက္ပိုင္းအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီးအစိုးရဖြဲ႕မွ ထုတ္ျပန္ေၾကညာလိုက္သည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ မႏၲေလးတိုင္းေဒသႀကီးအတြင္း လူစုလူေဝးျဖစ္ေပၚနိုင္သည့္ လူထုအပန္းေျဖေန ရာမ်ား၊ ပန္းၿခံ၊ ကေလးကစားကြင္း၊ စကိတ္ကြင္း၊ ဖူဆယ္ကြင္း၊ ေဘာလုံးကြင္း၊ နိုက္ကလပ္၊ KTV၊ ကာရာ အိုေက/စင္တင္ေတးဂီတ၊ စတိတ္ရွိုးပြဲမ်ား၊ ဗြီဒီယို႐ုံမ်ား၊ ႐ုပ္ရွင္႐ုံမ်ား၊ အႏွိပ္ခန္းမ်ား (အေၾကာျပဳျပင္ေရး လုပ္ငန္းအပါအ၀င္)၊ ကိုယ္ကာယႀကံ႕ခိုင္မႈ၀န္ေဆာင္မႈလုပ္ငန္း (GYM) ႏွင့္ Spa အလွျပင္ဆိုင္မ်ား၊ ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္းႏွင့္ အင္းမ်ားအား ယာယီပိတ္သိမ္းထားရန္ႏွင့္ ပိတ္သိမ္းျခင္းမျပဳပါက တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ဟု ေဖာ္ျပပါရွိသည္။

ထို႔အျပင္ ဘုရားပြဲေတာ္မ်ား၊ တရားပြဲ/စခန္းမ်ား၊ ၀တ္ျပဳဆုေတာင္းပြဲမ်ား၊ ရဟန္းခံရွင္ျပဳပြဲမ်ား၊ မဂၤလာ ဧည့္ခံပြဲမ်ား၊ အျခားပြဲလမ္းသဘင္မ်ား၊ လူမႈေရးလုပ္ငန္းမ်ားႏွင့္ ဘာသာေပါင္းစုံခ်စ္ၾကည္ညီညြတ္ေရးပြဲမ်ားကို ေခတၱယာယီပိတ္သမ္းထားရန္ႏွင့္ မလိုက္နာပါက တည္ဆဲဥပေဒအရ အေရးယူခံရမည္ျဖစ္သည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ခရိုင္၊ ၿမိဳ႕နယ္၊ ၿမိဳ႕၊ ရပ္ကြက္ႏွင့္ေက်းရြာမ်ားသို႔ ျပည္ပနိုင္ငံမ်ားႏွင့္ ေရာဂါ ပိုးကူးစက္ျပန္႔ပြားမႈမ်ားျပားသည့္ ၿမိဳ႕နယ္မ်ားမွ ျပန္လည္ေရာက္ရွိသူမ်ားရွိေနေၾကာင္းေတြ႕ရွိပါက သက္ဆိုင္ရာၿမိဳ႕နယ္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရးေကာ္မတီသို႔ သတင္းပို႔ၾကရန္ႏွင့္ အဆိုပါျပန္လည္ေရာက္ရွိသူမ်ားအား Community Based Facility Quarantine (၁၄) ရက္ ႏွင့္ Home Quarantine (၇) ရက္ထားရွိ ေဆာင္ရြက္သြားရန္ႏွင့္ လိုက္နာေဆာင္ရြက္မႈမရွိပါက တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ COVID-19 ေရာဂါႏွင့္ပတ္သက္ၿပီး လမ္းညႊန္ခ်က္မ်ား၊ တားျမစ္ကန္႔သတ္ခ်က္မ်ားကို ဒီဇင္ဘာ ၁၆ ရက္မွစတင္၍ ဒီဇင္ဘာ ၃၁ ရက္အထိ လိုက္နာေဆာင္ရြက္ေပးပါရန္ႏွင့္ ဒီဇင္ဘာ ၁ ရက္တြင္ ထုတ္ျပန္ခဲ့သည့္ ျပည္သူမ်ားသိရွိေစရန္ အသိေပးေၾကညာခ်က္အား ပယ္ဖ်က္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။

#PeopleMedia #မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ #covid19

(unicode)
မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် နိုက်ကလပ်၊ KTV များအား ယာယီပိတ်သိမ်း ထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဟု တိုင်းအစိုးရ ထုတ်ပြန်
………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် နိုက်ကလပ်၊ KTV များအား ယာယီပိတ်သိမ်း ထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းအချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေ ရာများ၊ ပန်းခြံ၊ ကလေးကစားကွင်း၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ နိုက်ကလပ်၊ KTV၊ ကာရာ အိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ အနှိပ်ခန်းများ (အကြောပြုပြင်ရေး လုပ်ငန်းအပါအဝင်)၊ ကိုယ်ကာယကြံ့ခိုင်မှုဝန်ဆောင်မှုလုပ်ငန်း (GYM) နှင့် Spa အလှပြင်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် အင်းများအား ယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် ဘုရားပွဲတော်များ၊ တရားပွဲ/စခန်းများ၊ ဝတ်ပြုဆုတောင်းပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ မင်္ဂလာ ဧည့်ခံပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများကို ခေတ္တယာယီပိတ်သမ်းထားရန်နှင့် မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပနိုင်ငံများနှင့် ရောဂါ ပိုးကူးစက်ပြန့်ပွားမှုများပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိသူများရှိနေကြောင်းတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ သတင်းပို့ကြရန်နှင့် အဆိုပါပြန်လည်ရောက်ရှိသူများအား Community Based Facility Quarantine (၁၄) ရက် နှင့် Home Quarantine (၇) ရက်ထားရှိ ဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ COVID-19 ရောဂါနှင့်ပတ်သက်ပြီး လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ ဒီဇင်ဘာ ၃၁ ရက်အထိ လိုက်နာဆောင်ရွက်ပေးပါရန်နှင့် ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

#PeopleMedia #မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ #covid19


Share this post