• Follow Us on

Home မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ တစ်ရက်ထဲ အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ တစ်ရက်ထဲ အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံရ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ညောင်တုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဖိုးကြည်နှင့် မြဝတီကျေးရွာ အုပ်ချုပ်ရေးမှူး ကိုအောင်တင်မျိုးတို့ကို နိုဝင်ဘာ ၃၀ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံရကြောင်း သိရပါတယ်။

 

ညောင်တုန်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးသည် အလုပ်ကိစ္စဖြင့် အပြင်သို့သွားရောက်စဉ် နွားထိုးကြီး-မလှိုင် ကားလမ်း၊ အောင်သာလမ်းခွဲအရောက်တွင် အမည်မသိ အမျိုးသားနှစ်ဦးက အနောက်မှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ပြီး မြဝတီကျေးရွာအုပ်ချုပ်ရေးမှူးကို နေအိမ်ပြင်ပတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

“ညောင်တုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဆိုင်ကယ်က ကားလမ်းမဘေးမှာ လဲကျနေတာကို ပထမဦးဆုံး တွေ့ တယ်။ အဲ့ဒီပတ်ဝန်းကျင်ကို လိုက်ရှာကြည့်တဲ့အခါမှာ ဆိုင်ကယ်လဲတဲ့ မနီးမဝေးက ယာခင်းထဲမှာ အုပ်ချုပ် ရေးမှူး ရုပ်အလောင်းကိုပါတွေ့တယ်။ သေနတ်ဒဏ်ရာကတော့ သုံးချက်ရရှိထားပါတယ်။ မြဝတီကျေးရွာက အုပ်ကြီးဖြစ်စဉ်ကတော့ ကြားပါတယ်။ သေသေချာချာတော့မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီးနွားထိုးကြီးမြို့နယ်တွင် အထက်ပါကဲ့သို့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များမရှိခဲ့သော်လည်း နိုဝင်ဘာ ၃၀ ရက်နေ့တွင်သာ တစ်ရက်ထဲ အုပ်ချုပ်ရေးမှူးနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

#PeopleMedia #နွားထိုးကြီးမြို့နယ် #အုပ်ချုပ်ရေးမှူး

 

(unicode)

မန်တလေးတိုငျးဒသေကွီး၊ နှားထိုးကွီးမွို့နယျ၌ တဈရကျထဲ အုပျခြုပျရေးမှူးနှဈဦး ပဈသတျခံရ

………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၁ (People Media)

 


 


 


 


 



Share this post