• Follow Us on
Latest News

Home မန္တလေးတိုင်းဒေသကြီး၌ လူမှုရေးအသင်းအချို့သည် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရမှု ယခုလအတွင်း ၃ ကြိမ်ရှိခဲ့

မန္တလေးတိုင်းဒေသကြီး၌ လူမှုရေးအသင်းအချို့သည် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရမှု ယခုလအတွင်း ၃ ကြိမ်ရှိခဲ့

Share this post

မန္တလေး၊ စက်တင်ဘာ ၂၄ (People Media)

 

မန္တလေးတိုင်းဒေသကြီး၌ လူမှုကူညီရေးဆောင်ရွက်နေသော လူမှုရေးအသင်းအချို့သည် စက်တင်ဘာလ အတွင်း၌ လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ် ၃ ကြိမ်ရှိခဲ့ကြောင်း အသင်းတာဝန်ရှိသူအချို့က ပြောဆို သည်။

 

စက်တင်ဘာ ၁၃ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေသည့် အမျိုးသားတစ်ဦး၏ နေအိမ်ကို ညအချိန်၌ အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ကာ နေအိမ်အတွင်းသို့ ဗုံးဖြင့် ပစ်ပေါက်ခံခဲ့ရပြီး ၎င်း၏ မိခင်ဖြစ်သူ သေဆုံးခဲ့သည်။

 

အလားတူ စက်တင်ဘာ ၂၂ ရက်နေ့၌  မန္တလေးတိုင်းဒေသကြီးရှိ နာမည်ကြီး လူမှုကူညီရေးအသင်းရုံးကို အမည်မသိလူတစ်စုက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရမှုကြောင့် ယာဉ်နှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီး ခဲ့သည်။

 

ထို့နောက် စက်တင်ဘာ ၂၃ ရက်နေ့၌ ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်ကျေးရွာ၊ မန္တလေး – ပြင်ဦးလွင် မြို့ ရှောင်လမ်းရှိ လူမှုကူညီရေးအသင်းရုံးကိုလည်း လူတစ်စုက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံခဲ့ရပြီ ယာဉ်နှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်။

 

“ပစ်တဲ့သူတွေကိုတော့ ဘာမှမပြောချင်ပါဘူး။ သူတို့ကို ကျွန်တော်တို့ သိစေချင်တာက ပရဟိတသမားတွေကို အမြင်ရှင်းဖို့ကို သိစေချင်တယ်။ ကျွန်တော်တို့က လူနာတွေဆိုရင် အကုန်ကယ်ရမှာ သူတို့ရဲ့ နောက်က ကာလာတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ လူနာတစ်ယောက်ဒဏ်ရာရရင်ကျွန်တော်တို့ကယ်မယ်။ ဒါက ကျွန်တော်တို့ရဲ့ အဓိက စိတ်ထားပဲ အဲ့ဒီအပေါ်ကို လုပ်ဆောင်တဲ့သူတွေအနေနဲ့ အမြင်ရှင်းဖို့လိုတယ်” ဟု လက်လုပ်ဗုံးအပစ်ခံရသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

#PeopleMedia #လူမှုကူညီရေးအသင်း

 

(unicode)


……………………………………………………………………

 

မန်တလေး၊ စကျတငျဘာ ၂၄ (People Media)

 


 


 


 


 


 



Share this post