• Follow Us on

Home မန္တလေးတိုင်းဒေသကြီး၌ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူတူမစီးရ၊ စီးနင်းပါက တည်ဆဲဥပဒေအရ အရေးယူ မည်ဟုဆို

မန္တလေးတိုင်းဒေသကြီး၌ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူတူမစီးရ၊ စီးနင်းပါက တည်ဆဲဥပဒေအရ အရေးယူ မည်ဟုဆို

Share this post

မန္တလေး၊ နိုဝင်ဘာ ၂၃ (People Media)

 

မန္တလေးတိုင်းဒေသကြီး၌ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးထဲ စီးနင်းခြင်း၊ ဆိုင်ကယ်ကို အမျိုးသမီးတစ်ဦး၏ နောက်မှ အမျိုးသားတစ်ဦး စီးနင်းခြင်းမပြုရန် အမိန့်တစ်ရပ်ကို တိုင်းအစိုးရအဖွဲ့မှ နိုဝင်ဘာ ၂၂ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။

 

မန္တလေးတိုင်းဒေသကြီးတွင် အကြမ်းဖက်လက်နက်ကိုင်များသည် ဆိုင်ကယ်အား အမျိုးသားနှစ်ဦး အတူတူ တစ်စီးထဲ စီးနင်းကာ ပြစ်မှုကျူးလွန်ခြင်း၊ ကျူးလွန်သူအား ကူညီပေးခြင်း၊ အမျိုးသားနှစ်ဦး စီးနှင်း၍ ပစ် ခတ်လုပ်ကြံမှုများ ပြုလုပ်ခြင်း၊ တိုက်ခိုက်မှုများပြုလုပ်ခြင်းကြောင့် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်ပြီး မလိုက်နာလျင် တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အမိန့်စာ၌ ဖော်ပြထားသည်။

 

“မနေ့က ညက ရပ်ကွက်တွေထဲမှာ လိုက်အော်တာကိုကြားရတယ်။ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးထဲ အတူတူမစီးရဘူး အမျိုးသမီးနောက်ကနေ အမျိုးသားလိုက်မစီးရဘူးဆိုပြီးတော့ လော်နဲ့လိုက်အော်တာရှိတယ်။ မလိုက်နာရင် ပစ်ခတ်ပြီးတော့ ဖမ်းဆီးမယ်လို့တောင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးသည် ဆိုင်ကယ်အသုံးပြုမှုအများဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဆိုင်ကယ်အသုံး ပြုကာ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်လျက်ရှိသည့် တိုင်းဒေသကြီးဖြစ်သည်။

 

#PeopleMedia #မန္တလေး #ဆိုင်ကယ်

 

(unicode)


……………………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၂၃ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေး #ဆိုငျကယျ


Share this post