• Follow Us on

Home မန္တလေးတိုင်းဒေသကြီး၌ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခဲ့သော PDF အဖွဲ့ဝင် (၃၃) ဦး ဖမ်းဆီးရမိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး၌ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခဲ့သော PDF အဖွဲ့ဝင် (၃၃) ဦး ဖမ်းဆီးရမိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

Share this post

မန္တလေး၊ ဒီဇင်ဘာ ၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်များအတွင်း အကြမ်းဖက်ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့သော PDF အဖွဲ့ဝင်(၃၃)ဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသူများသည် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅ လမ်းနှင့် ၁၂၆ လမ်းကြား၊ ဗိုလ်ချုပ်ပန်းခြံအနီးရှိ ကျောင်းဝန်းအတွင်း လက်လုပ်ဗုံးဖြင့် လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရွှေငါးစတိုးဆိုင်အား လက်လုပ်ဗုံး ဖြင့်လည်းကောင်း၊ ချမ်းအေးသာဇံမြို့နယ်၊ ၆၂ လမ်းနှင့် ၃၂(အေ) လမ်းထောင့်ရှိ မြတံခွန်နှင့် အောင်သန်းစု ထီဆိုင်အား လက်လုပ်ဗုံးဖြင့်လည်းကောင်း၊ Royal One KTV ဆိုင်အား လက်လုပ်ဗုံးဖြင့်လည်းကောင်း၊ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ပြင် ပြည်ကြီးတံခွန် မြို့နယ်၊ (စ)ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦး အား လက်နက်ငယ်ဖြင့် လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ အပြစ်မဲ့ ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှ ရစဖအဖွဲ့ဝင် ဦးကျော်ကျော်အား လက်နက်ငယ်ဖြင့် လည်း ကောင်း၊ မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်မှ အပြစ်မဲ့ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် လည်းကောင်း၊ ကန်သာယာရပ်ကွက်၊ ၁၁၀ လမ်းနှင့် ၅၉ လမ်းထောင့်ရှိ ဆိုင်ကယ်အရောင်းဆိုင်မှ အပြစ်မဲ့ ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် လည်းကောင်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်တွင် တရားခံ အောင်သူရကျော်(ခ)ဇီးကွက်ပါ ကျား ၂၈ ဦး၊ မ ၅ ဦး ပေါင်း ၃၃ ဦးအား လက်နက်မျိုးစုံ ၂၂ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၂၂ ခု၊ ကျည်မျိုးစုံ ၂၀၂၆ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ လက်ပစ်ဗုံး ၂၁ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံ နက္ခတ်(ခ)နိုင်နိုင်ထွန်းနှင့် ကျော်စိုးလင်းတို့၏ စေခိုင်းမှုဖြင့် မန္တလေးမြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများအား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

 

#PeopleMedia #မန်းPDF

 

(unicode)


……………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၂ (People Media)

 


 


 


 


 


 



Share this post