• Follow Us on

Home မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ NLD ပါတီရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ NLD ပါတီရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား

Share this post

မန္တလေး၊ အောက်တိုဘာ ၂၈ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်း ၃၃-၃၄ ကြားရှိ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး တွင် အောက်တိုဘာ ၂၇ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မနေ့က ၁၂ နာရီလောက်မှာ ဖြစ်တာ။ စဖြစ်တဲ့နေရာက ပါတီရုံးရဲ့ ၃ လွှာ ကလို့လည်း သိရတယ်။ ပါတီရုံးမှာ နေတဲ့လူမရှိတော့ လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ ဒါပေမယ့် ပေါက်ကွဲမှုကြောင့် အဆောက်အဦးကတော့ တော်တော်လေးပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အောက်တိုဘာ ၂၇ ရက်နေ့ တစ်ရက်ထဲတွင် နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက် ရပ်ကွက်၊ သိပ္ပံလမ်း၊ ၇၃-၇၈ လမ်းရှိ ကညနရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။

 

အလားတူ အောက်တိုဘာ ၂၇ ရက် ညနေပိုင်း၌လည်း မန္တလေးမြို့ရှိ KBZ Bank အနီးရှိ ATM အဆောက်အအုံ အချို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။

 

Photo – Credit

 

#PeopleMedia #NLD #မန္တလေးတိုင်း

 

(unicode)

မန်တလေးတိုငျးဒသေကွီး ခမြျးအေးသာစံမွို့နယျရှိ NLD ပါတီရုံး ဗုံးပေါကျကှဲမှုဖွဈပှား

…………………………………………………………..

 

မန်တလေး၊ အောကျတိုဘာ ၂၈ (People Media)

 


 


 


 


 

Photo – Credit

 

#PeopleMedia #NLD #မန်တလေးတိုငျး


Share this post