• Follow Us on

Home မန္တလေးတိုင်းဒေသကြီး အမှတ် (၇) နယ်မြေရဲစခန်း၌ အချုပ်သားတစ်ဦး ထွက်ပြေး၍ ပစ်ခတ်ရာ သေဆုံး

မန္တလေးတိုင်းဒေသကြီး အမှတ် (၇) နယ်မြေရဲစခန်း၌ အချုပ်သားတစ်ဦး ထွက်ပြေး၍ ပစ်ခတ်ရာ သေဆုံး

Share this post

မန္တလေး၊ စက်တင်ဘာ ၂၅ (People Media)

 

မန္တလေးတိုင်းဒေသကြီး အမှတ် (၇) နယ်မြေရဲစခန်း၌ အချုပ်သားတစ်ဦး ထွက်ပြေး၍ ပစ်ခတ်ရာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

အထက်ပါ သေဆုံးသူ အမျိုးသားသည် စက်တင်ဘာ ၂၂ ရက်နေ့ စကားများရန်ဖြစ်၍ ပေါက်ကွဲစေသော အရာဖြင့် ပစ်ခတ်မှုကြောင့် အချုပ်ကျနေသူတစ်ဦးဖြစ်ပြီး အမှုအား ကျေအေးပေးရန် ဆောင်ရွက်စဉ်တွင် ယင်းအမျိုးသားသည် ထွက်ပြေး၍ ပစ်ခေတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 

“သူပထမဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျေအးပေးတယ် အဲ့ဒီမှာ ထပ်မံပြီးတော့ ဖမ်းဆီးထိမ်းသိမ်းမှာကို သိပြီးတော့ ထွက်ပြေးတာ အဲ့ဒီမှာ ထိပ်မှာစောင့်နေတဲ့ ရဲက ပစ်ခတ်ဖမ်းဆီးတဲ့အခါမှာ သေဆုံးတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် ထိုအမျိုးသားသည် ပေါင်နှင့် နောက်ကျောများတွင် သေနတ်မှန်၍ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာမှာပင် သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ပစ်ခတ်မှု #မန္တလေးအမှတ် နယ်မြေရဲစခန်း

 

(unicode)


……………………………………………………………..

 

မန်တလေး၊ စကျတငျဘာ ၂၅ (People Media)

 


 


 


 


 



Share this post