• Follow Us on

Home မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ရောဂါမသက်သာသဖြင့် အိုးဘိုထောင်မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ရောဂါမသက်သာသဖြင့် အိုးဘိုထောင်မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသ

Share this post

နေပြည်တော်၊ သြဂုတ် ၇ (People Media)

 

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ရောဂါမသက်သာသဖြင့် အိုးဘိုထောင်မှ သြဂုတ်လ ၆ ရက်နေ့ ညပိုင်းအချိန်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ပို့ဆောင်ထားကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် ယခင်ကတည်းက သွေးကင်ဆာ ရောဂါအခံရှိသဖြင့် ကင်ဆာဆေးပုံမှန်သွင်းနေရသူဖြစ်သည်။ အကျဉ်းကျနေသည့်အချိန်တွင် ဆေးကုသမှု ခံယူနေရာမှ သက်သာခြင်းမရှိသည့်အတွက် ယခုလိုပြောင်းရွှေ့ကုသမှုခံယူရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦး ၏ ပြောပြချက်အရ သိရသည်။

 

လက်ရှိအချိန်မှာ ဒေါက်တာဇော်မြင့်မောင်အပေါ် အဂတိလိုက်စားမှုဥပဒေဖြင့် တရားစွဲဆိုထားမှုများရှိသည့် အပြင် တခြားသောအမှုများဖြင့်လည်း ရင်ဆိုင်နေရလျက်ရှိသည်။

 

#PeopleMedia #ဒေါက်တာဇော်မြင့်မောင်

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post