• Follow Us on

Home မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် ငွေကျပ်သိန်း (၃၄၈၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား (၁၇၄၀၀၀) ပြား ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် ငွေကျပ်သိန်း (၃၄၈၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား (၁၇၄၀၀၀) ပြား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၉ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆) မိုင်စစ်ဆေးရေးစခန်းတွင် ငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ အေးမင်းထွန်း(၃၄)နှစ် မောင်းနှင်ပြီး ချစ်ဗိုလ်(၃၀)နှစ် လိုက်ပါလာသည့် မှန်လုံယာဉ်(အလတ်)ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၀၀၀ ပြား တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ကွင်းဆက်အရ ၎င်းစိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမည့်သူ ဖက်တီး(ခ)မျိုးကိုကို (၃၀)နှစ်အား နံနက် ၇ နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ ၃၅ လမ်းရှိနေအိမ်တွင် စိတ်ကြွရူး သွပ်ဆေးပြား ၅ ပြား၊ Crown မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူ နန်းမွေနွမ်းလှိုင်(၂၉)နှစ်အား မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မူဆယ် မြို့၊ ကောင်းနောင်ရပ်ကွက်၊ အမှတ်(၁၂၈)နေအိမ်တွင်လည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ထုတ်ပြန်ခဲ့ သည်။

 

#PeopleMedia #CCDACMyanmar

 

(unicode)


…………………………………………………………..

 


 


 


 


 

#PeopleMedia #CCDACMyanmar


Share this post