• Follow Us on

Home မန္တလေးတိုင်း၌ ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းနှင့် အရည်အသွေးနိမ့် ပစ္စည်းများ ရောင်းချခြင်းရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့စစ်ဆေး

မန္တလေးတိုင်း၌ ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းနှင့် အရည်အသွေးနိမ့် ပစ္စည်းများ ရောင်းချခြင်းရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့စစ်ဆေး

Share this post

နေပြည်တော်၊ ဩဂုတ် ၁၆ (People Media)

 

မန္တလေးတိုင်းဒေသကြီးမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ထားသည့်နေရာများသို့ ယနေ့ သြဂုတ် လ ၁၆ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများသွားရောက်စစ်ဆေး ခဲ့သည်။

 

အဆိုပါစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ထား သည့်နေရာများသို့ သွားရောက်၍ ဆေးသိုလှောင်ရုံများအတွင်း ဆေးဝါးများ စနစ်တကျထားရှိမှုအခြေအနေ များ၊ နေ့စဉ်ဆေးဝါးရောက်ရှိဖြန့်ဖြူး လက်ကျန်စာရင်းများနှင့် မြေပြင်လက်ကျန် မှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ် ဆေးကြည့်ရှုခြင်း၊‌ မြေပြင်အခြေအနေတွင် ဆေးဝါးများပြတ်လပ်မှုအခြေအနေများ ရှိ/မရှိ၊ ဆေးဝါးနှင့် ဆေးဝါး ပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်နှင့် သို လှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်အားလုံးတွင်လည်း ခရိုင်/မြို့နယ်အဆင့် အဖွဲ့ များလည်းဖွဲ့ စည်းထားရှိပြီး နေ့စဉ် ဆေးဆိုင်များဖွင့်လှစ်မှု ရှိ၊ မရှိ ဆေးဝါးဈေးနှုန်းအခြေအနေ၊ စည်းကမ်းစနစ်တကျ ရောင်းချမှု ရှိ၊ မရှိတို့ကို ခရိုင်/မြို့နယ်အလိုက် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

အလားတူ ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ကို  မန္တလေးတိုင်း ဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ဖြင့် ဖွဲ့စည်း ကာ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ကြေညာထားသည်။

Photo – Credit

 

#PeopleMedia #မန္တလေး

 

(unicode)


……………………………………………………………………………

 


 


 


 


 


 

Photo – Credit

 

#PeopleMedia #မန်တလေး


Share this post