• Follow Us on

Home မန္တလေးတိုင်း ဥပဒေချုပ်ရုံး၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လက်လုပ်ဗုံးဖြင့် ပစ် ခတ်ခံရသော်လည်း လက်ပစ်ဗုံးသည် ရေမြောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့

မန္တလေးတိုင်း ဥပဒေချုပ်ရုံး၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လက်လုပ်ဗုံးဖြင့် ပစ် ခတ်ခံရသော်လည်း လက်ပစ်ဗုံးသည် ရေမြောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၂ (People Media)

 

ဇန်နဝါရီ ၂၀ ရက်နေ့ညက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း နှင့် ၁၀၅ လမ်းထောင့်၊ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လက်လုပ်ဗုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော်လည်း လက်ပစ်ဗုံးသည် ရေမြောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များ၏အနီးသို့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ဖြစ်တဲ့အချိန်က ည ၇ နာရီလောက်ပဲရှိဦးမယ်။ ဆိုင်ကယ်နဲ့လာပြီး အရှိန်နဲ့မောင်းပြီးတော့ ပစ်တာ။ ဗုံးက ကင်းစခန်းကို မမှန်ဘူး မြောင်းထဲကျပြီးတော့ ပေါက်ကွဲသွားတယ်။ လူတွေဘာတွေ ထိတာမရှိဘူး” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့်လပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစုံမြို့နယ် ၆၅ လမ်း နှင့် ၃၃ လမ်းထောင့်ရှိ မန္တလေးခရိုင်တရားရုံးဝင်းအတွင်း လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦးပျက်စီးမှုရှိခဲ့သည်။

 

#PeopleMedia #မန္တလေး #ဥပဒေချုပ်ရုံး

 

(unicode)


………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၂၂ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေး #ဥပဒခြေုပျရုံး


Share this post