• Follow Us on
Latest News

Home မန္တလေးတွင် ငွေကြေးချေးငှားရန်ဖုန်းဆက်ပြောသဖြင့် သွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မန္တလေးတွင် ငွေကြေးချေးငှားရန်ဖုန်းဆက်ပြောသဖြင့် သွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ငွေကြေးချေးငှားရန်ဖုန်းဆက်ပြောသဖြင့် သွားရောက်ခဲ့ အမျိုးသမီးတစ်ဦး အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ မဟာမြိုင်ဈေးစည်ပင်တိုက်တန်းရှိ ဆေးကုမ္ပဏီဝန်းထမ်းဖြစ်သူ အဆိုပါအမျိုးသမီးကို ငွေကြေး အခက်အခဲရှိသဖြင့် ချေးငှားရန်ဖုန်းဆက်ပြောဆိုသဖြင့် သွားရောက်ပေးရာတွင် မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ လမ်း၊ ၄၀ x ၄၄ လမ်းကြားသို့အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

“ကျွန်တော့်ညီမလေးက သူများတွေတင်နေသလို ငွေလဲတာလည်းမဟုတ်ပါဘူး။ မနက်ကအိမ်ပြန်လာပြီး သူ့ သူငယ်ချင်းကားပျက်နေလို့ ပြင်ဖို့ ငွေခဏလှည့်ပေးပါဆိုပြီး ဖုန်းဆက်ခေါ်တယ်။ သူတို့အပြင်ခေါ်ချိန်းတဲ့နေရာ နဲ့က အိမ်ကနီးနီးလေးမို့ အိမ်မှာလာယူဖို့ ပြန်ဆက်တော့ အိမ်ကိုမလာချင်ဘူးပြောတယ်။ အိမ်ကအထွက် ၆၆ x ၄၁ ကျော်တာနဲ့ နောက်ကနေ ကပ်ပြီးတေ့ပစ်သွားတာပါ။ ချိန်းတဲ့နေရာထိကိုလည်း မရောက်ခဲ့သလို ဘာငွေမှ လည်း မလုမခံရပါဘူး။ ငွေလဲလှယ်လုပ်နေသူလည်း မဟုတ်ပါဘူး” ဟု ပစ်ခတ်ခံရသူအမျိုးသမီး၏ ဆွေမျိုး တော်စပ်သူတစ်ဦးမှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

ထို့အပြင် ၎င်းမှ “တမင်ရည်ရွယ်ချက်ရှိရှိ အပြင်ကိုခေါ်ထုတ်ပြီးမှ ပစ်သွားတာ။ တင်နေတဲ့ Page တွေ၊ သတင်း တွေမှာ ကျွန်တော့်ညီမကပဲ ငွေလဲလုပ်စားလို့ အလုခံရ၊ အသတ်ခံရသလိုလိုတွေ ရေးနေ၊ တင်နေကြလို့ပါ” ဟု ရေးသားထားသည်။

 

အလားတူ သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသမီးမှာ ပါးတွင်ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး မန္တလေးပြည်သူ့ဆေး ရုံကြီးသို့ ပို့ဆောင်ကုသပေးနေကြောင်းနှင့် အခင်းဖြစ်ပွားနေရာတွင် ၉ မမ ပစ္စတိုကျည်ခွံတစ်ခုတွေ့ရှိကြောင်း သိရှိရသည်။

 

#PeopleMedia #မန္တလေး #မဟာအောင်မြေ

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #မန်တလေး #မဟာအောငျမွေ


Share this post