• Follow Us on

Home မႏၲေလးတြင္ ျပဳလုပ္မည့္ ေက်ာက္စိမ္း ေက်ာက္မ်က္ျပပြဲ ေက်ာက္စိမ္းအတြဲေပါင္း ၂၅၀၀ ေက်ာ္ေရာင္းခ်မည္

မႏၲေလးတြင္ ျပဳလုပ္မည့္ ေက်ာက္စိမ္း ေက်ာက္မ်က္ျပပြဲ ေက်ာက္စိမ္းအတြဲေပါင္း ၂၅၀၀ ေက်ာ္ေရာင္းခ်မည္

Share this post

ေအာင္ေအာင္

မႏၲေလး ေအာက္တိုဘာ – ၁၅

မႏၲေလးၿမိဳ႕၊ ကြန္ဗင္းရွင္းစင္တာတြင္ ေအာက္တိုဘာ ၂၃ ရက္ေန႔မွ ၂၉ ရက္ေန႔အထိ က်င္းပမည့္ ေက်ာက္ စိမ္းေက်ာက္မ်က္ျပပြဲတြင္ ေက်ာက္စိမ္းအတြဲေပါင္း ၂၅၀၀ ေက်ာ္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ျပပြဲက်င္းပ ေရး ေကာ္မတီထံမွသိရသည္။

ေက်ာက္မ်က္ကုမၸဏီႏွင့္ ေက်ာက္မ်က္ရတနာေရာင္းအေခ်ာထည္လုပ္ငန္း စုစုေပါင္း ၅၀၀ ေက်ာ္၏ ေလာ့ ၂၅၀၀ ေက်ာ္ ျပပြဲတင္ထားၿပီးျဖစ္ကာ အေခ်ာထည္မ်ားလည္း ေရာင္းခ်သြားမည္ျဖစ္သည္။

“ေနာက္ထပ္လည္း ေရာက္လာႏိုင္ေသးတယ္။ အခုေတာ့ ျပပြဲအတြက္ ခင္းက်င္းတာေတြ ျပင္ဆင္တာေတြ လုပ္ ေနတယ္။ အမ်ားက စိတ္ဝင္စားတဲ့အေနအထားမွာေတာ့ရွိတယ္”ဟု ျပပြဲက်င္းပေရးေကာ္မတီမွ ဦးေက်ာ္ေဇာ ေအာင္က ေျပာသည္။

အဆိုပါျပပြဲကို မႏၲေလးၿမိဳ႕တြင္ ပထမဆုံးအႀကိမ္ျပဳလုပ္ျခင္းျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ လမ္းၫႊန္မႈျဖင့္ ျမန္မာႏိုင္ငံေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္း(မႏၲေလး)က ဦးေဆာင္က်င္းပျခင္း ျဖစ္ၿပီး ေက်ာက္စိမ္းအတြဲမ်ားကို အိပ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္သည္။

ေက်ာက္စိမ္းတြဲမ်ားဝယ္ယူမည္ဆိုပါက အနည္းဆုံး အာမခံစေပၚေငြ က်ပ္သိန္း(၂၀)တင္ရမည္ ျဖစ္ၿပီး က်ပ္ သိန္း (၂၀၀) ထိဝယ္ယူခြင့္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

ျပပြဲတြင္ေရာင္းခ်မည့္ ေက်ာက္စိမ္းအ႐ိုင္းျဖတ္သားမ်ားကို ျမန္မာက်ပ္ေငြျဖင့္ ေရာင္းခ်မည္ျဖစ္ၿပီး အေခ်ာထည္ မ်ားကို ႏိုင္ငံျခားေငြ၊ ျမန္မာက်ပ္ေငြႏွစ္မ်ိဳးလုံးႏွင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ျပပြဲတြင္ ေရာင္းခ်မည့္ အ႐ိုင္းျဖတ္သားအေခ်ာထည္မ်ားႏွင့္ပတ္သက္၍ အခြန္စည္းၾကပ္မႈအေနျဖင့္ အေရာင္း ၁၃ ရာခိုင္ႏႈန္း ႏွင့္ အဝယ္ ၅ ရာခိုင္ႏႈန္း သတ္မွတ္ထားသည္ ။

အဆိုပါျပပြဲဝင္ေၾကးမွာ ျမန္မာကုန္သည္ဆိုလွ်င္ ၂၀၀၀၀က်ပ္ႏွင့္ႏိုင္ငံျခားသား ကုန္သည္ဆိုလွ်င္ တစ္သိန္း က်ပ္ အျဖစ္သတ္မွတ္ထားေၾကာင္းသိရၿပီး လက္ရွိတြင္ ျပပြဲက်င္းပႏိုင္ေရးအတြက္ ျပင္ဆင္မႈမ်ား ျပဳလုပ္လွ်က္ ရွိသည္။

(unicode)
မန္တလေးတွင် ပြုလုပ်မည့် ကျောက်စိမ်း ကျောက်မျက်ပြပွဲ ကျောက်စိမ်းအတွဲပေါင်း ၂၅၀၀ ကျော်ရောင်းချမည်

အောင်အောင်

မန္တလေး အောက်တိုဘာ – ၁၅

မန္တလေးမြို့၊ ကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည့် ကျောက် စိမ်းကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၅၀၀ ကျော်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပ ရေး ကော်မတီထံမှသိရသည်။

ကျောက်မျက်ကုမ္ပဏီနှင့် ကျောက်မျက်ရတနာရောင်းအချောထည်လုပ်ငန်း စုစုပေါင်း ၅၀၀ ကျော်၏ လော့ ၂၅၀၀ ကျော် ပြပွဲတင်ထားပြီးဖြစ်ကာ အချောထည်များလည်း ရောင်းချသွားမည်ဖြစ်သည်။

“နောက်ထပ်လည်း ရောက်လာနိုင်သေးတယ်။ အခုတော့ ပြပွဲအတွက် ခင်းကျင်းတာတွေ ပြင်ဆင်တာတွေ လုပ် နေတယ်။ အများက စိတ်ဝင်စားတဲ့အနေအထားမှာတော့ရှိတယ်”ဟု ပြပွဲကျင်းပရေးကော်မတီမှ ဦးကျော်ဇော အောင်က ပြောသည်။

အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ကျောက်စိမ်းအတွဲများကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ကျောက်စိမ်းတွဲများဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)တင်ရမည် ဖြစ်ပြီး ကျပ် သိန်း (၂၀၀) ထိဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင်ရောင်းချမည့် ကျောက်စိမ်းအရိုင်းဖြတ်သားများကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်ပြီး အချောထည် များကို နိုင်ငံခြားငွေ၊ မြန်မာကျပ်ငွေနှစ်မျိုးလုံးနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြပွဲတွင် ရောင်းချမည့် အရိုင်းဖြတ်သားအချောထည်များနှင့်ပတ်သက်၍ အခွန်စည်းကြပ်မှုအနေဖြင့် အရောင်း ၁၃ ရာခိုင်နှုန်း နှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည် ။

အဆိုပါပြပွဲဝင်ကြေးမှာ မြန်မာကုန်သည်ဆိုလျှင် ၂၀၀၀၀ကျပ်နှင့်နိုင်ငံခြားသား ကုန်သည်ဆိုလျှင် တစ်သိန်း ကျပ် အဖြစ်သတ်မှတ်ထားကြောင်းသိရပြီး လက်ရှိတွင် ပြပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိသည်။


Share this post