• Follow Us on

Home မန္တလေးဒုတိယမြို့တော်ဝန် ဦးစောဟန် ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန်

မန္တလေးဒုတိယမြို့တော်ဝန် ဦးစောဟန် ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ဒုတိယမြို့တော်ဝန် ဦးစောဟန်သည် ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းအချိန်တွင် ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန်သွားကြောင်း သိရသည်။

 

၎င်းသည် မန္တလေးမင်္ဂလာဆေးရုံ ICU ၌ တက်ရောက်ကုသမှုခံယူနေစဉ်မှာပင် ၉၆ ပါးဝေဒနာဖြင့် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဆေးရုံတွင် တက်ရောက်ကုသနေစဉ် ၂ ရက်အကြာတွင် ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဒုမြို့တော်ဝန်ဦးစောဟန်သည် အသက် ၄၃ နှစ်ရှိပြီး နစကမှ မန္တလေးဒုမြို့တော်ဝန်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁၁ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #မန္တလေး #ဒုမြို့တော်ဝန်

 

(unicode)


……………………………………………………………………

 


 


 


 


 


 

#PeopleMedia #မန်တလေး #ဒုမွို့တောျဝနျ


Share this post