• Follow Us on

Home မႏၲေလးသို႔ဝင္ေရာက္မည့္ ကုန္တင္ယာဉ္ အစီး ၃၀၀ ေက်ာ္ ရမည္းသင္းၿမိဳ႕တြင္ ပိတ္မိ

မႏၲေလးသို႔ဝင္ေရာက္မည့္ ကုန္တင္ယာဉ္ အစီး ၃၀၀ ေက်ာ္ ရမည္းသင္းၿမိဳ႕တြင္ ပိတ္မိ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၄

ေအာင္ေအာင္

မႏၲေလးသို႔၀င္ေရာက္မည့္ ကုန္တင္ယာဉ္ အစီး ၃၀၀ ေက်ာ္ ရမည္းသင္းၿမိဳ႕တြင္ ပိတ္မိေနမႈမ်ားျဖစ္ ေပၚလ်က္ရွိသည္။

ရန္ကုန္တိုင္းေဒသႀကီးႏွင့္ရခိုင္ျပည္နယ္တို႔မွ မႏၲေလးတိုင္းေဒသႀကီးအတြင္းသို႔ ဝင္ေရာက္မည့္ ကုန္တင္ယာဉ္မ်ားအေနျဖင့္ ရမည္းသင္းစစ္ေဆးေရးဂိတ္တြင္ ယာဉ္ေမာင္းႏွင့္ယာဉ္ေနာက္လိုက္မ်ား ေျပာင္းလဲေမာင္းရမည္ဟု စက္တင္ဘာ ၁၁ ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထုတ္ျပန္ေၾကာညာခဲ့သည္။

အဆိုပါ ၫႊန္ၾကားခ်က္ေၾကာင့္ လက္ရွိျဖစ္ပ်က္ေနသည္မ်ားကို အစိုးရအဖြဲ႕အေနျဖင့္ ပကတိ အေျခအေနအမွန္ကို ျပန္လည္သုံးသပ္၍ ျပင္ဆင္ရန္လိုအပ္လ်က္ရွိသည္ဟု ကုန္တင္ယာဉ္၊ လုပ္ငန္း ယာဉ္မ်ားႏွင့္ ယာဉ္ေမာင္း၊ ယာဉ္ေနာက္လိုက္မ်ားက ဆိုၾကသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္မွ မႏၲေလးတိုင္းေဒသႀကီး သို႔ဝင္လာမည့္ ကုန္တင္ယာဉ္မ်ားကို ရမည္းသင္းၿမိဳ႕ သတ္မွတ္ စစ္ဆးေရးဂိတ္တြင္ ယာဉ္ေမာင္းႏွင့္ ယာဉ္ေနာက္လိုက္မ်ား ေျပာင္းလဲေမာင္းႏွင္ရန္ မႏၲေလးတိုင္းအစိုးအဖြဲ႕က ထုတ္ျပန္ထားေသာ ၫႊန္ၾကားခ်က္သည္ ကုန္စည္စီးဆင္းမႈကို အခက္အခဲျဖစ္ေစေသာေၾကာင့္ တိုင္းအစိုးရအဖြဲ႕ကို ျပန္လည္ျပင္ဆင္ေပးရန္ တင္ျပသြားမည္ဟု မႏၲေလးတိုင္း ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ဦးေက်ာ္သူရက ေျပာသည္။

ဆက္လက္ၿပီး ရန္ကုန္-မႏၲေလး ကုန္စည္ပို႔ေဆာင္းေရးမွ ဦးသန္းႏိုင္က ယခုေၾကညာခ်က္အတိုင္း ဆက္လက္လုပ္ကိုင္ေနပါက ကုန္စည္စီးဆင္းမႈရပ္တန္႔သြားႏိုင္သလို ယာဉ္ေမာင္း၊ ယာဉ္ေနာက္လိုက္ မ်ားလည္း အခက္အခဲမ်ား ျဖစ္ေပၚႏိုင္သည္ဟု ဆိုသည္။

အလားတူပင္ ယာဉ္ေမာင္း၊ယာဉ္ေနာက္လိုက္ ေျပာင္းလဲရာတြင္ မႏၲေလးၿမိဳ႕အနီးတြင္ ေဆာင္ရြက္ေပး ရန္ လိုလားလ်က္ရွိသည္။

အစိုးရမွထုတ္ျပန္ထားသည့္ ယာဉ္ေမာင္း၊ ယာဉ္ေနာက္လိုက္ေျပာင္းလဲရမႈမွာ လက္ေတြ႕တြင္ ကုန္တင္ယာဉ္မ်ားအေနႏွင့္ အခက္အခဲမ်ားျဖစ္ေပၚလ်က္ရွိသည္။

(ဓာတ္ပုံ-ေအာင္ေအာင္)

#PeopleMedia #ရမည္းသင္း

(unicode)
မန္တလေးသို့ဝင်ရောက်မည့် ကုန်တင်ယာဉ် အစီး ၃၀၀ ကျော် ရမည်းသင်းမြို့တွင် ပိတ်မိ
…………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၄

အောင်အောင်

မန္တလေးသို့ဝင်ရောက်မည့် ကုန်တင်ယာဉ် အစီး ၃၀၀ ကျော် ရမည်းသင်းမြို့တွင် ပိတ်မိနေမှုများဖြစ် ပေါ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့မှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များအနေဖြင့် ရမည်းသင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ ပြောင်းလဲမောင်းရမည်ဟု စက်တင်ဘာ ၁၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြောညာခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ကြောင့် လက်ရှိဖြစ်ပျက်နေသည်များကို အစိုးရအဖွဲ့အနေဖြင့် ပကတိ အခြေအနေအမှန်ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရန်လိုအပ်လျက်ရှိသည်ဟု ကုန်တင်ယာဉ်၊ လုပ်ငန်း ယာဉ်များနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များက ဆိုကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီး သို့ဝင်လာမည့် ကုန်တင်ယာဉ်များကို ရမည်းသင်းမြို့ သတ်မှတ် စစ်ဆးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ပြောင်းလဲမောင်းနှင်ရန် မန္တလေးတိုင်းအစိုးအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားချက်သည် ကုန်စည်စီးဆင်းမှုကို အခက်အခဲဖြစ်စေသောကြောင့် တိုင်းအစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ပေးရန် တင်ပြသွားမည်ဟု မန္တလေးတိုင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဦးကျော်သူရက ပြောသည်။

ဆက်လက်ပြီး ရန်ကုန်-မန္တလေး ကုန်စည်ပို့ဆောင်းရေးမှ ဦးသန်းနိုင်က ယခုကြေညာချက်အတိုင်း ဆက်လက်လုပ်ကိုင်နေပါက ကုန်စည်စီးဆင်းမှုရပ်တန့်သွားနိုင်သလို ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များလည်း အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

အလားတူပင် ယာဉ်မောင်း၊ယာဉ်နောက်လိုက် ပြောင်းလဲရာတွင် မန္တလေးမြို့အနီးတွင် ဆောင်ရွက်ပေး ရန် လိုလားလျက်ရှိသည်။

အစိုးရမှထုတ်ပြန်ထားသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်ပြောင်းလဲရမှုမှာ လက်တွေ့တွင် ကုန်တင်ယာဉ်များအနေနှင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

(ဓာတ်ပုံ-အောင်အောင်)

#PeopleMedia #ရမည်းသင်း


Share this post