• Follow Us on

Home မန္တလေးအိုးဘိုအကျဉ်းထောင်တွင် သြဂုတ်လ ၈ ရက်နေ့၌ ၅ မိနစ်ခန့် ဆူပူမှုဖြစ်ပွားခဲ့

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် သြဂုတ်လ ၈ ရက်နေ့၌ ၅ မိနစ်ခန့် ဆူပူမှုဖြစ်ပွားခဲ့

Share this post

မန္တလေး၊ သြဂုတ် ၁၀ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ အိုးဘိုအကျဉ်းထောင်တွင် သြဂုတ်လ ၈ ရက် ည ၉ နာရီအချိန်တွင် ထောင်တွင်း ဆူပူမှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း အကျဉ်းဦးစီးဌာနက နိုင်ငံပိုင်မီဒီယာကို အတည်ပြုပြောဆိုခဲ့ပါတယ်။

 

“ည ၉ နာရီတွင် မီးပိတ်အိတ်ဖို့ သံချောင်းခေါက်တဲ့အချိန်မှာ အကျဉ်းထောင် အိပ်ဆောင်(၃)အပေါ်ထပ် အခန်း (၁၊ ၂၊ ၃)မှာ ထိန်းသိမ်းထားတဲ့ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်လှစ်ထားပြီး တရားစွဲဆိုထားတဲ့ အချုပ်သားတွေဟာ အခန်းထဲကနေပြီးတော့မှ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ အကျဉ်းသားများလွတ်မြောက်ရေးများ ကြွေးကြော် ခဲ့ကြပါတယ်။ ပြီးတော့ သွေးသစ္စာစီးချင်းဆိုခဲ့ကြပါတယ်။ သူတို့လုပ်တာကို ကြားကြားချင်း အိပ်ဆောင်မှူးကမှ သွားရောက်တားမြစ်ခဲ့ပါတယ်။ အိပ်စောင့်မှူးရဲ့ အမိန့်ကို မနာခံတဲ့အချိန်မှာ အိပ်ဆောင်မှူးက တာဝန်ခံ အရာရှိကို သတင်းပို့ခဲ့ပါတယ်။ တာဝန်ခံအရာရှိက သွားရောက်ပြီး သူတို့ကို ဝိုင်းဝန်းထိန်းသိမ်းပြီး ဘာဖြစ်ချင် တာလဲ ပြောတဲ့အချိန်မှာဘဲ သီချင်းဆိုတာတွေ ကြွေးကြော်တာတွေ ရပ်သွားပါတယ်။ ဖြစ်စဉ်ကတော့ ၅ မိနစ် လောက်ပါပဲ” လို့ အကျဉ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောပါတယ်။

 

အကျဉ်းသားတွေ ကြွေးကြော်ရာမှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ အကျဉ်းသားများ လွတ်မြောက်ရေးများ ကို ကြွေးကြော်ခဲ့ကြပြီး၊ ဒီလိုကြွေးကြော်တာကို တာဝန်ခံအရာရှိနဲ့ တားတဲ့အချိန်မှာ ချက်ချင်းရပ်သွားကြောင်း၊ အကျဉ်းထောင်မှာ အပေါ်ထပ်အိပ်ဆောင်က မပါဝင်တဲ့သူများရှိကြောင်း ၎င်းက ပြောပါတယ်။

 

ဆက်လက်ပြီး ဒုတိယညွန်ကြားရေးမှူးက “အကျဉ်းထောင်တွေမှာ ဆရာတော်ဘုရားကြီးတွေရဲ့ တရားတွေ၊ ပရိတ်ရွတ်တဲ့ တရားတော်တွေ ပုံမှန်အတိုင်းဖွင့်ပါတယ်။ သူတို့ဆူလို့ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင်တော့ သူတို့က ၈ ရက် ၈ လကို အကြောင်းပြုပြီး ဒါလေးလုပ်လိုက်တာဆိုတဲ့ သဘောမျိုး ပေါ့။ တကယ်တမ်းကျတော့ အကျဉ်းထောင် စည်းမျဉ်းနဲ့ မကိုက်ညီဘူးဆိုတာသိတော့ ချက်ချင်းရပ်သွားတာ ပေါ့” လို့ ပြောဆိုခဲ့ပါတယ်။

 

ပြီးခဲ့တဲ့လအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင်မှာလည်း ဆူပူမှု ဖြစ်ပွားခဲ့ပါတယ်။

#PeopleMedia #အိုးဘိုထောင်

 

(unicode)


…………………………………………………………..

 

မန်တလေး၊ သွဂုတျ ၁၀ (People Media)

 


 


 


 


 




Share this post