• Follow Us on

Home မႏၲေလးေဆး႐ုံႀကီး သူနာျပဳအေဆာင္ တိုက္ခန္းအခ်ိဳ႕ မိုးေရယို၍ ေနထိုင္မရျခင္းေၾကာင့္ ျပဳဳျပင္ေပးရန္ က်န္းမာေရးဝန္ထမ္းမ်ား အစိုးရထံေတာင္းဆို

မႏၲေလးေဆး႐ုံႀကီး သူနာျပဳအေဆာင္ တိုက္ခန္းအခ်ိဳ႕ မိုးေရယို၍ ေနထိုင္မရျခင္းေၾကာင့္ ျပဳဳျပင္ေပးရန္ က်န္းမာေရးဝန္ထမ္းမ်ား အစိုးရထံေတာင္းဆို

Share this post

မႏၲေလး၊ ေမ – ၃၀

မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕၊ အေထြေထြေဆး႐ုံႀကီး သူနာျပဳအေဆာင္၌ ေနထိုင္သည့္ တိုက္ခန္းအခ်ိဳ႕၏ အမိုးမ်ားသည္ မိုးရာသီတြင္ မိုး႐ြာသည့္အခါ ေရမ်ားယို၍ ေနထိုင္ရန္ အခက္အခဲျဖစ္ေပၚေနျခင္းေၾကာင့္ တိုင္းအစိုးရအဖြဲ႕မွ လာေရာက္ၾကည့္ရႈၿပီး အျမန္ဆုံးျပဳျပင္ ေပးရန္ ဝန္ထမ္းမ်ားက ေတာင္းဆိုၾကပါတယ္။

“အခုက မိုးရာသီဆိုေတာ့ မိုးက မၾကာခဏ႐ြာတယ္။ မိုး႐ြာရင္ ရွိတဲ့အိုးခြက္ေတြနဲ႕ မိုးေရခံရ တယ္။ သက္ဆိုင္ရာအႀကီးအကဲေတြနဲ႕ အစိုးရအဖြဲ႕ကို တင္ျပခ်င္တာ အျမန္ဆုံးလာေရာက္ ၾကည့္ရႈေဆာင္႐ြက္ေပးဖို႔ပါ။ ဒါကို ေမတၱာရပ္ခံပါတယ္” လို႔ မႏၲေလးအေထြေထြေဆး႐ုံႀကီး၌ တာဝန္က် ဝန္ထမ္းက ေျပာပါတယ္။

လက္ရွိ မႏၲေလးအေထြေထြေဆး႐ုံႀကီး၌ တာဝန္ထမ္းေဆာင္သည့္ ဝန္ထမ္းမ်ားကို ေဆး႐ုံႀကီးဧရိယာအတြင္းရွိ သုံးထပ္ေဆာင္၌ ထားရွိထားတာလည္း ျဖစ္ပါတယ္။

#PeopleMedia #မႏၲေလးေဆး႐ုံႀကီး

[Unicode]
မန္တလေးဆေးရုံကြီး သူနာပြုအဆောင် တိုက်ခန်းအချို့ မိုးရေယို၍ နေထိုင်မရခြင်းကြောင့် ပြုပြင်ပေးရန် ကျန်းမာရေးဝန်ထမ်းများ အစိုးရထံတောင်းဆို
………………………………………………………………………………

မန္တလေး၊ မေ – ၃၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေဆေးရုံကြီး သူနာပြုအဆောင်၌ နေထိုင်သည့် တိုက်ခန်းအချို့၏ အမိုးများသည် မိုးရာသီတွင် မိုးရွာသည့်အခါ ရေများယို၍ နေထိုင်ရန် အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် တိုင်းအစိုးရအဖွဲ့မှ လာရောက်ကြည့်ရှုပြီး အမြန်ဆုံးပြုပြင် ပေးရန် ဝန်ထမ်းများက တောင်းဆိုကြပါတယ်။

“အခုက မိုးရာသီဆိုတော့ မိုးက မကြာခဏရွာတယ်။ မိုးရွာရင် ရှိတဲ့အိုးခွက်တွေနဲ့ မိုးရေခံရ တယ်။ သက်ဆိုင်ရာအကြီးအကဲတွေနဲ့ အစိုးရအဖွဲ့ကို တင်ပြချင်တာ အမြန်ဆုံးလာရောက် ကြည့်ရှုဆောင်ရွက်ပေးဖို့ပါ။ ဒါကို မေတ္တာရပ်ခံပါတယ်” လို့ မန္တလေးအထွေထွေဆေးရုံကြီး၌ တာဝန်ကျ ဝန်ထမ်းက ပြောပါတယ်။

လက်ရှိ မန္တလေးအထွေထွေဆေးရုံကြီး၌ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို ဆေးရုံကြီးဧရိယာအတွင်းရှိ သုံးထပ်ဆောင်၌ ထားရှိထားတာလည်း ဖြစ်ပါတယ်။

#PeopleMedia #မန္တလေးဆေးရုံကြီး


Share this post