• Follow Us on
Latest News

Home မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လူနာပို့ပြီးအပြန် လူမှုကူညီရေးယာဉ်တစ်စီးသည် ထီးချိုင့်မြို့နယ်၌ မိုင်း ပေါက်ကွဲမှုဖြစ်ပေါ်ရာ ယာဉ်မောင်းဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လူနာပို့ပြီးအပြန် လူမှုကူညီရေးယာဉ်တစ်စီးသည် ထီးချိုင့်မြို့နယ်၌ မိုင်း ပေါက်ကွဲမှုဖြစ်ပေါ်ရာ ယာဉ်မောင်းဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့

Share this post

မန္တလေး၊ ဒီဇင်ဘာ ၉ (People Media)

 

ဒီဇင်ဘာ ၆ ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လူနာသွားပို့ပြီးအပြန် လူမှုကူညီရေးယာဉ်တစ်စီးသည် စစ်ကိုင်းတိုင်း၊ ထီးချို့မြို့နယ်၌ မိုင်းပေါက်ကွဲရာ ယာဉ်တစ်စီးလုံး ထိခိုက် ပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

“၆ ရက်နေ့က လူနာသွားပို့တာ။ ချက်ခြင်းသွား ချက်ခြင်းပြန်မရတော့ ၇ ရက်နေ့မှာ ပြန်လာတာ။ ပြန်လာတော့ အဲ့နေရာမှာ မိုင်းထိသွားတာ။ ယာဉ်မောင်းကတော့ ဗိုက်မှာတစ်ချက်ထိသွားတယ်။ သိပ်ပြီးမစိုးရိမ်ရဘူး။ ခု လက်ရှိမှာ ၄ မိုင်စစ်ဆေးရုံမှာ ဆေးကုသခံယူနေတယ်။ ယာဉ်ကတော့ လုံးဝသုံးလို့မရတော့ဘူး” လို့ ဇောတိက လူနာတင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သလို ကုန်တင် ယာဉ်များ၊ စက်သုံးဆီယာဉ်များ၊ လူမှုကူညီရေးယာဉ်များ မကြာခဏ မိုင်းဖောက်ခွဲခြင်းခံရလျက်ရှိပါတယ်။

 

အလားတူ ဒီဇင်ဘာ ၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဒေါနသုခနာရေးကူညီမှု အသင်းဥက္ကဋ္ဌသည် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်အတွင်း သေနတ်ဖြင့် လုပ်ကြံခံရပြီး ကျည်ထိမှန်ခဲ့သော် လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia #လူမှုကူညီရေးယာဉ်

 

(unicode)


……………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၉ (People Media)

 


 


 


 


 

Photo – Credit

 



Share this post